ဝင်းကျော် (ကာလိ)
.
လွိုင်လင်ခရိုင်၊ ကာလိမြို့ရှိ လွိုင်ချိုအမကကျောင်းနှင့်
နမ့်ခုံးရှမ်းများပရဟိတ Quarantine Center များတွင် အသွားအလာ
ကန့်သတ်စောင့်ကြည့်ထားသူများအား ယနေ့ ဒီဇင်ဘာလ ၁၁ ရက်၊ နေ့လယ်ပိုင်းက မေတ္တာ ဖောင်ဒေးရှင်း
တောင်ကြီးရုံးခွဲ အဖွဲ့မှ စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့သည်ဟု သိရသည်။
.
.ထိုသို့ လှူဒါန်းရာတွင် တောင်ကြီးရုံးခွဲ
မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒေါ်နန်းခင်နန္ဒာစိုး နှင့် ဝန်ထမ်းများက ဆန်၊
ဆီ၊ ဆား၊ ကြာဇံ၊ ခေါက်ဆွဲ၊ ပဲနီလေး၊ ဘာလချောင်၊ ကြက်သွန်နီ ၊ အာလူး ၊ အသားတု၊ တဘက်၊
ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ Spray ၊
လက်သည်းညှပ်၊ ခေါင်းလျှော်ရည်၊ လက်သန့်ဆေးရည် စသည့် ပစ္စည်း ၂၀ မျိုးကို အသွားအလာကန့်သတ်
စောင့်ကြည့်ပြည်သူ ၃၀ ဦး အတွက် လာရောက်ထောက်ပံ့ပေးခဲ့ရာ ကာလိမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက လက်ခံရယူခဲ့ကြောင်း
သိရသည်။
.
ထို့နောက်
တောင်ကြီးရုံးခွဲ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ကာလိမြို့ Quarantine
Center ၂ နေရာတွင် လိုအပ် သည်များကို
အသုံးပြုနိုင်ရန် အလှူငွေ ၁ သိန်းကျပ်လှူဒါန်းခဲ့ရာ COVID-19
ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ အဖွဲ့ဝင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း
မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment