ကျောက်မဲတွင် Quarantine ဝင်ရောက်နေသူ အမျိုးသားအား အုတ်တံတိုင်းကျော်၍ သွားရောက်တွေ့ဆုံခဲ့သည့် အမျိုးသမီး အမှုဖွင့်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲတွင် Quarantine ဝင်ရောက်နေသူ အမျိုးသားအား အုတ်တံတိုင်းကျော်၍ သွားရောက်တွေ့ဆုံခဲ့သည့် အမျိုးသမီး အမှုဖွင့်ခံရ

မိုင်းထွန်း (ကျောက်မဲ)

.

ကျောက်မဲမြို့ရှိ Quarantine Center တစ်ခုတွင် အသွားအလာ ကန့်သတ်ထားသူ အမျိုးသားအား အုတ်တံတိုင်း ကျော်၍ ဝင်ရောက်တွေ့ဆုံခဲ့သည့် အမျိုးသမီးကို ကျောက်မဲမြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းထံက သိရသည်။

.

.

ကျောက်မဲရှိ အထက (၃) Quarantine Center တွင် အသွးအလာ ကန့်သတ်ထားသော တာချီလိတ်မြို့မှ ပြန်လာသူ အမျိုးသားတစ်ဦးထံသို့ ဒီဇင်ဘာလ ၁ ရက်၊ ညနေ ၆ နာရီခွဲ အချိန်ခန့်က အမျိုးသမီးတစ်ဦးမှ ကျောင်းဝင်းအနောက် ဘက်ရှိ အုတ်တံတိုင်းဝင်းကိုကျော်၍ တွေ့ဆုံစကားပြောနေသည် တွေ့ရှိသဖြင့် တာဝန်ရှိသူများက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

တာဝန်ရှိသူများ၏ စစ်ဆေးမေးမြန်းချက်အရ အုတ်တံတိုင်းကျော် ဝင်ရောက်သူ အမျိုးသမီးသည် Quarantine ဝင်ရောက်နေသူ အမျိုးသား၏ ရည်စား၏ အစ်မဖြစ်ပြီး အမျိုးသားမှ ငွေ ၂၀၀၀ ကျပ် ရလိုကြောင်း ညီမဖြစ်သူထံ ဖုန်းဆက် အကူညီတောင်းခံသဖြင့် အစ်မဖြစ်သူက ညီမနှင့်အတူ လိုက်ပါကူညီဆောင်ရွက်ပေးခြင်း ဖြစ်ကာ ညီမှဖြစ်သူမှာ အုတ်တံတိုင်း မကျော်တက်နိုင်သည့်အတွက် ၎င်းက အုတ်တံတိုင်းကျော်တက်၍ ငွေ ၂၀၀၀ ကျပ် သွားရောက် ပေးအပ်စဉ် တာဝန်ရှိသူများက တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ Quarantine Center အဖြစ် ပြုလုပ်ထားသည့် နေရာအား ဝင်ရောက်ခြင်းမပြုရန် ဥပဒေအရ အမိန့်နှင့် ကြေညာချက်တို့ကို ဖောက်ဖျက်ဝင်ရောက်ခဲ့သည့် အမျိုးသမီးနှင့် လက်ခံတွေ့ဆုံခဲ့သူ အမျိုးသားတို့ကို ကျောက်မဲမြို့မ ရဲစခန်းတွင် (ပ) ၁၁၄/၂၀၂၀၊ ၂၀၁၃ ခုနှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၉ အရ အမှုဖွင့်အရေးယူထားပြီး အမျိုးသမီးအား ကျောက်မဲမြို့၊ အမှတ် (၈) ရပ်ကွက်ရှိ အလက (၃) Quarantine Center တွင် အသွားအလာ ကန့်သတ်ထားရှိထားကြောင်း သိရသည်။

.

Journal Download

Photo of three cats