အောင်ပန်းမြို့ရှိ မိုးကုတ်ရိပ်သာတွင် Quarantine ဝင်ရောက်နေသည့် ရဟန်းတွင် COVID-19 ပိုး တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းမြို့ရှိ မိုးကုတ်ရိပ်သာတွင် Quarantine ဝင်ရောက်နေသည့် ရဟန်းတွင် COVID-19 ပိုး တွေ့

စုလှိုင်

.

ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ မိုးကုတ်ရိပ်သာ Quarantine Center တွင် အသွားအလာ ကန့်သတ်ထားသည့် ရဟန်း တစ်ပါးတွင် ဒီဇင်ဘာလ ၁၈ ရက်က COVID -19 ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

.


 “ ဟုတ်ပါတယ် ။ ဦးဇင်း တစ်ပါးပါ။ဟု ကလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ COVID-19 ပိုးတွေ့ ရှိခဲ့သော ရဟန်းမှာ သက်တော် ၂၅ နှစ် ရှိပြီး ရန်ကုန်မြို့မှ ပြန်လည် ရောက်ရှိလာပြီးနောက် ဒီဇင်ဘာလ ၂ ရက်မှ စတင်၍ အောင်ပန်းမြို့ရှိ မိုးကုတ်ရိပ်သာ Quarantine Center အသွားအလာ ကန့်သတ် သီတင်းသုံး နေထိုင်သူ ဖြစ်ကာ ကလောဆေးရုံတွင် ဆေး ကုသမှု ပေးနေကြောင်း သိရသည်။

.

Journal Download

Photo of three cats