မိုင်းဆတ်မြို့နယ်၌ Quarantine ဝင်နေသူ အမျိုးသားတွင် COVID-19 ပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဆတ်မြို့နယ်၌ Quarantine ဝင်နေသူ အမျိုးသားတွင် COVID-19 ပိုး တွေ့ရှိ

 စိုင်းသိင်္ခသူ

.

မိုင်းဆတ်မြို့နယ်၊ ဝမ်နောင်ကျေးရွာရှိ မယ်ဖလုံဖောင်ဒေးရှင်း Quarantine Center တွင် Quarantine ဝင်ရောက်နေသည့် တာချီလိတ်မြို့မှ ပြန်လာသူ အမျိုးသားတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

.

 

သူတို့ contact တွေလည်း လိုက်ပြီးပါပြီသူတို့က ၁၄ ရက်က တာချီလိတ်က ပြန်သွားတာပါ။” ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က ပြောသည်။

.

တာချီလိတ်မြို့နယ်မှ ပြန်လာသူ ၅ ဦးအား ဒီဇင်ဘာ၁၇ ရက်၊ နံနက်ပိုင်းတွင် RDT ဖြင့် စစ်ဆေးစဉ် အမျိုးသားတစ်ဦးထံမှ COVID-19 ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ Quarantine ဝင်ရောက်နေသူ ၅ ဦးသည် ဒီဇင်ဘာလ ၁၄ ရက်တွင် တာချီလိတ်မြို့မှ မိုင်းဆတ်မြို့နယ်၊ ပူနားကိုကျေးရွာသို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီးနောက် Quarantine Center တွင် အသွားအလာ ကန့်သတ် နေထိုင်၍ RDT ဖြင့် စစ်ဆေးစဉ် အသက် ၃၂ နှစ်အရွယ် အမျိုးသားတွင် COVID-19 ပိုး တွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats