စုလှိုင်
.
တောင်ကြီးမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းရှိ
Quarantine Center တွင် အသွားအလာ ကန့်သတ် ထားသည့် အသက် ၆ နှစ်အရွယ်
ကလေးငယ်တစ်ဦး ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက်၊ ညပိုင်းက ကွယ်လွန်ခဲ့ကြောင်း သိရသည်။
.
.“ကလေးငယ် ဆုံးတာ ဟုတ်ပါတယ်။ သူ့ရဲ့ ဓါတ်ခွဲအဖြေက
ရပြီးသားပါ။ Negative ပါ။ အမှန်ဆိုရင် ဒီနေ့ ပြန်ရမှာပါ” ဟု အထက
(၅) Quarantine Center တာဝန်ကျ ဒေါ်ရီရီသိန်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ထို့အတူ တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး
ဒေါက်တာမိုးထွန်း ကလည်း “ကင်ဆာရောဂါနဲ့ ဆုံးတာပါ။ သူ့ရဲ့ ဓါတ်ခွဲအဖြေက Negative
ပါ” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ ကွယ်လွန်သူ ကလေးငယ်သည် ကင်ဆာရောဂါ အခံရှိသူဖြစ်ပြီး
မန္တလေးမြို့တွင် သွားရောက်ဆေးကုသမှု ခံယူပြီးနောက် တောင်ကြီးမြို့သို့ ပြန်လာကာ အထက
(၅) Quarantine Center တွင် ဝင်ရောက်နေသူဖြစ်ကြောင်း သိရသည်။
.
ကလေးငယ်နှင့်အတူ မိဘ ၂ ဦးလုံးသည် Quarantine
ဝင်ရောက်နေခြင်းဖြစ်ပြီး မိဘများတွင်လည်း COVID-19 ရောဂါပိုးမရှိကြောင်း ဓါတ်ခွဲအဖြေ ရရှိပြီးဖြစ်သည်ဟု သိရသည်။
.