အားကာသိပ္ပံ (တောင်ကြီး)မှ Quarantine Center များသို့ ဂလူးကို့စ်ဘူးများ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အားကာသိပ္ပံ (တောင်ကြီး)မှ Quarantine Center များသို့ ဂလူးကို့စ်ဘူးများ လှူဒါန်း

စိုင်းအောင်မြတ်

.

အားကစားနှင့် ကာယပညာသိပ္ပံ (တောင်ကြီး) မှ တောင်ကြီးမြို့နယ်အတွင်းရှိ Home Quarantine နှင့် Faclilty Quarantine Center များတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ခံနေသူများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ အတွက် ယနေ့ ဒီဇင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းက ဂလူးကို့စ် အားဆေးဘူးများ လှူဒါန်းခဲ့သည်ဟု သိရသည်။

.

.

ထိုသို့ လှူဒါန်းရာတွင် အားကစားနှင့် ကာယပညာသိပ္ပံ (တောင်ကြီး) မှ ကျောင်းအုပ်ကြီး ဦးနိုင်လင်းအောင်နှင့် တာဝန်ရှိသူများက ဂလူးကို့စ်အားဆေးဘူး ၁၀၀၈ ဘူးအား ပေးအပ်ရာ မြို့နယ်အဆင့် တာဝန်ရှိသူများက လက်ခံ ရယူပြီး သက်ဆိုင်ရာ Center အသီးသီးသို့ ပြန်လည်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

.

အဆိုပါ ဂလူးကို့စ် အားဆေး ပေးအပ်လှူဒါန်းပွဲကို တောင်ကြီးမြို့၊ ခရိုင်နှင့် မြို့နယ် စုပေါင်းရုံးရှေ့တွင် ပြုလုပ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

.


Journal Download

Photo of three cats