စုလှိုင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ
Quarantine Center တွင် အသွားအလာ ကန့်သတ် ထားသူများအား ယနေ့ ဒီဇင်ဘာလ
၇ ရက်၊ နံနက်ပိုင်းက Rapid Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ အမျိုးသားတစ်ဦးတွင်
COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.“ရန်ကုန်ပြန်ကားသမားရဲ့ အဆက် (Contact) ဖြစ်ပါတယ်။ Negative ဖြစ်နေရာကနေ အခုတစ်ခေါက် ထပ်စစ်လိုက်
တော့ Positive ဖြစ်တာပါ။ လူနာရဲ့ ကျန်းမာရေး ကောင်းပါတယ်” ဟု
မိုးကုတ်ရိပ်သာ Quarantine Center မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
.
အဆိုပါ COVID -19 ပိုးတွေ့လူနာသည်
အသက် ၄၂ နှစ် ရှိ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး အောင်ပန်းမြို့၊ အမှတ် (၄) ရပ်ကွက်တွင် နေထိုင်သူဖြစ်ကာ
မိုးကုတ်ရိပ်သာ Quarantine Center သို့ ဒီဇင်ဘာလ ၅ ရက်မှစ၍ Quarantine
ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အောင်ပန်းမြို့၊ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ Quarantine
Center တွင် လက်ရှိ အသွားအလာ ကန့်သတ်ထားရှိသူ အမျိုးသား ၄၅ ဦးနှင့်
အမျိုးသမီး ၂၃ ဦး၊ စုစုပေါင်း ၆၈ ဦး ရှိကြောင်း သိရသည်။
.