.
ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ မိုးကုတ်ရိပ်သာ Quarantine Center တွင် အသွားအလာ ကန့်သတ်ထားသူများအား ယနေ့ (ဒီဇင်ဘာလ ၂ ရက်)၊ နံနက်ပိုင်းက RDT ဖြင့် စစ်ဆေးရာ အမျိုးသားတစ်ဦးထံတွင် COVID -19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
.
“ Quarantine Center မှာ တစ်ယောက် တွေ့တာ ဟုတ်ပါတယ်။ အမျိုးသားပါ။ အင်းစိန်က ပြန်လာတဲ့ ယာဉ်မောင်းပါ။ သူက အောင်ပန်း၊ ရပ်ကွက်(၂ )မှာ နေတဲ့သူ ဖြစ်ပါတယ်။ ”ဟု အောင်ပန်းမြို့၊ မိုးကုတ်ရိပ်သာ Quarantine Center မှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ COVID -19 ပိုး တွေ့ရှိခဲ့သူမှာ အသက် ၂၉ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး အောင်ပန်းမြို့၊ မိုးကုတ် Quarantine Center တွင် နိုဝင်ဘာလ ၂၉ ရက်မှ စ၍ Quarantine ဝင်ရောက်နေသူ ဖြစ်ကြောင်း သိရသည်။
.
အောင်ပန်းမြို့ရှိ မိုးကုတ် Quarantine Center ၌ လက်ရှိတွင် Quarantine ဝင်ရောက်နေသည့် အသွားအလာ ကန့်သတ်ထားသူ အမျိုးသား ၈၄ ဦး၊ အမျိုးသမီး ၂၇ ဦး၊ စုစုပေါင်း ၁၁၁ ဦး ရှိကြောင်း သိရသည်။
No comments:
Post a Comment