.
လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စု၊ ဝမ်ဆတ်ကျေးရွာ ဆောင်းသီးနှံ ပဲပုပ်စံပြကွက် စိုက်ပျိုးသည့် တောင်သူများအား COVID-19 ရောဂါကာလအတွင်း ထောက်ပံ့မှု အဖြစ် ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် မျိုးစေ့နှင့် မြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ဝမ်ဆတ်ကျေးရွာမှ ဆောင်းသီးနှံ ပဲပုပ်စံပြကွက် စိုက်ပျိုးသည့် တောင်သူများအား ဟင်းသီးဟင်းရွက် မျိုးစေ့များ၊ ပဲပုပ်မျိုးစေ့များ၊ အာဟာရ ဖြည့်စွက်ထားသော ဂျစ်ပဆန် သဘာဝ ကျောက်မှုန့် မြေသြဇာများကို ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
.
ကာလိမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းငွေလေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တောင်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်း၊ မြေသြဇာ အသုံးပြုမှုဆိုင်ရာ အကြောင်းအရာများကို အသိ ပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။