ပင်လောင်းမြို့နယ်တွင် ဘိန်းစိုက်ခင်း ဧက ၅၀ ခန့် ဖျက်ဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်လောင်းမြို့နယ်တွင် ဘိန်းစိုက်ခင်း ဧက ၅၀ ခန့် ဖျက်ဆီး

ခွန်အောင် (နောင်တရား)

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ထီတမောင်းကျေးရွာ အနီးတစ်ဝိုက်တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်က သီးပွင့်ဆဲ ဘိန်းခင်း ဧက ၅၀ ခန့်အား ဖျက်ဆီးခဲ့သည်ဟု သိရသည်။

.

.

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပင်လောင်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်အောင် ဦးစီးသော တပ်ဖွဲ့ဝင်များ၊ ပင်လောင်းမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ ပါဝင်သော အဖွဲ့သည် ထီတမောင်းကျေးရွာ အနီးမှ အမြင့်တစ်ပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်းဧက ၂၅ ခန့်နှင့် အမြင့် တစ်ပေခန့် ဘိန်းစိုက်ခင်း ၂၅ ဧကခန့်အား ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ပင်လောင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘိန်းဖျက်ရာသီအတွင်း ဘိန်းစိုက်ခင်းဧက စုစုပေါင်း ၂၂၃၂ ဧက အား ဖျက်ဆီး နိုင်ခဲ့ပြီးဖြစ်ကြောင်း ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

.


Journal Download

Photo of three cats