ပင်လောင်းမြို့နယ်တွင် စေတနာအဖွဲ့နှင့် ဒေသခံများပူးပေါင်းဆောက်လုပ်သော ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်လောင်းမြို့နယ်တွင် စေတနာအဖွဲ့နှင့် ဒေသခံများပူးပေါင်းဆောက်လုပ်သော ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်

ခွန်အောင် (နောင်တရား)

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြင်းတွင်းကျေးရွာအုပ်စု၊ မြင်းတွင်းကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌  စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများပူးပေါင်းဆောက်လုပ်သည့် ကျောင်းဆောင်သစ်အား ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးထံသို့ လွှဲပြောင်းအပ်နှံခဲ့သည်ဟု သိရသည်။

.

.

ထိုသို့ လွှဲပြောင်းပေးအပ်ရာတွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်၊ ပင်လောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်၊ မြို့နယ်ပညာရေးမှူး ဦးထိန်ဝင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထီးဆိုင်၊ စေတနာအဖွဲ့ စီမံကိန်းဒေသ ဒါရိုက်တာ ဒေါ်အေးအေးသန့် နှင့် ဒေသခံတစ်ဦးတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

.

အဆိုပါကျောင်းဆောင်သစ်ကို  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှု၊ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့ကူညီမှုဖြင့်၊ စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

.

လွှဲပြောင်းပေးအပ်ရာတွင် အုတ်ညှပ်၊ ပေ ၁၂၀×၃၀ ၊ တစ်ထပ်ကျောင်းဆောင် တစ်ဆောင်၊ ငါးခန်းတွဲ ရေလောင်းအိမ်သာ တစ်လုံး၊ မိုးရေလှောင်ကန် ၂ ကန်၊ အလံတိုင်၊ ကျောင်းသားစာရေးခုံနှင့် ထိုင်ခုံ ၅၀ စုံ၊ ဆရာ၊ ဆရာမစားပွဲနှင့် ထိုင်ခုံ ၅ စုံ၊ Whiteboard ၁၀ ချပ် ပါဝင်ကြောင်းသိရသည်။

.

ကျောင်းဆောင်သစ်အတွက် စေတနာ၊ နီပွန်ဖောင်ဒေးရှင်းမှ ပံ့ပိုးငွေကျပ်သိန်း ၅၇၀ ကျော်နှင့် ဒေသခံပြည်သူများမှ ပူးပေါင်းပါဝင်ငွေ ကျပ် ၁၁၃ သိန်းကျော် တို့ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အခမ်းအနားတွင် ကျောင်းဆောင်သစ်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို စေတနာအဖွဲ့မှ မြို့နယ်ပညာရေးမှူး သို့ လွှဲပြောင်းပေးအပ်ပြီး၊ စေတနာအဖွဲ့မှ ကျေးရွာဒေသဖွံ့ဖြိုးရေးကော်မတီသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေကျပ်သိန်း ၉၀ ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

.


Journal Download

Photo of three cats