ပင်လောင်းမြို့နယ်တွင် ကျပ်သိန်း ၂၃၀ ကျော် တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ပင်လောင်းမြို့နယ်တွင် ကျပ်သိန်း ၂၃၀ ကျော် တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းမိ

ပင်လောင်းမြို့နယ်တွင် ငွေ ကျပ်သိန်း ၂၃၀ ကျော် တန်ဖိုးရှိ ဘိန်းစိမ်းများကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က နိုဝင်ဘာလ ၃၀ ရက်၊ ည ၁၀ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပင်လောင်းမြို့နယ်၊ ပင်လောင်း-ဖယ်ခုံ သွား ကားလမ်းတွင် ပင်လောင်းဘက်မှ ဖယ်ခုံဘက်သို့ ပင်လောင်းမြို့နယ်၊ ဘန့်ဘာကျေးရွာအုပ်စု၊ ပင်ကာလကျေးရွာနေ ခွန်လှထွန်း စီးနင်းမောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဘိန်းစိမ်းအလေးချိန် ၇၉ ဒသမ ၂ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၃၇ ဒသမ ၆ သိန်း)ကို တွေ့ရှိ၍ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဘိန်းစိမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် ခွန်လှထွန်းအား ပင်လောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Journal Download

Photo of three cats