ကျောက်တလုံးကြီးမြို့၊ ထီခေါင်းကျေးရွာထွက် လိမ္မော်သီးများကို ဒေသတွင်း ဈေးကွက်သို့ တင်ပို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, December 4, 2020

ကျောက်တလုံးကြီးမြို့၊ ထီခေါင်းကျေးရွာထွက် လိမ္မော်သီးများကို ဒေသတွင်း ဈေးကွက်သို့ တင်ပို့

မြဝင်း

.

တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ ထီခေါင်းကျေးရွာမှ ထွက်ရှိည့် လိမ္မော်သီးများကို ဒေသတွင်း ဈေးကွက်သို့ တင်ပို့ ရောင်းချနေလျက် ရှိကြောင်း သိရသည်။

.


ထီခေါင်းကျေးရွာမှ ထွက်ရှိသော သဘာဝ လိမ္မော်သီးများသည် ကိုင်းဆက် လိမေ္မာ်သီးများထက် အရည်အသွေး ပိုမို ကောင်းမွန်သောကြောင့် ဈေးကွက်ဝင်ပြီး အလုံး ကြီး/အသေးပေါ် မူတည်၍ တစ်ပိဿာလျှင် ၅၀၀ ကျပ်မှ ၁၅၀၀ ကျပ်ထိ သတ်မှတ်ပြီး ကျောက်တလုံးကြီးဈေး၊ ဆိုက်ခေါင်ဈေး၊ နန်းပန်ဈေး၊ မှော်ဘီဈေးနှင့် တောင်ကြီးမြို့သို့ အဓိကထား တင်ပို့ ရောင်းချလျှက် ရှိကြောင်း လိမ္မော်စိုက် တောင်သူများထံမှ သိရသည်။

.

ကျွန်တော်တို့ ထီခေါင်းကျေးရွာမှာ လိမ္မော်ပင်ကို ကိုင်းဆက် မစိုက်ပျိုးဘဲ၊ သဘာဝလိမ္မော်ပင်ကိုသာ စိုက်ပျိုးပါတယ်။ ကိုင်းဆက် မဟုတ်ဘဲ သဘာဝလိမ္မော်ပင် ဖြစ်တာကြောင့် ကိုင်းဆက် လိမ္မော်သီးထက် နောက်ကျပြီး အသီး စ သီးပါတယ်။”ဟု လိမ္မော်စိုက် တောင်သူ ခွန်မောင်လေးက ပြောသည်။

.

အဆိုပါ သဘာဝလိမ္မော်ပင်သည် တပေါင်းလတွင် အပွင့် စ ပွင့်၍ တန်ဆောင်မုန်းလတွင် အသီးများ စွတ်ခူး ရရှိနိုင်ပြီး ထီခေါင်းကျေးရွာရှိ လိမ္မော်စိုက်ပျိုးဧက ၁၀၀ ခန့်မှ တစ်ဧကလျှင် ခန့်မှန်း ပိဿာချိန် ၃၀၀၀ နှင့် အထက် ထွက်ရှိကြောင်း သိရသည်။

.

ပင်တွန်ကျေးရွာအုပ်စု၊ ထီခေါင်းကျေးရွာသည် သဘာဝတောတောင် စိမ့်စမ်းလျှိုမြှောင်နှင့် အေးချမ်း ဆိတ်ငြိမ်သော ဒေဒသဖြစ်ကာ ဒေသခံများမှာ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်းပြု၍ သဘာဝလိမ္မော်ပင်များကို အဓိက စိုက်ပျိုးကြကြောင်း သိရသည်။              

No comments:

Post a Comment

Journal Download

Photo of three cats

About