နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာမှ မိုင်းထိလူနာ ၂ ဦးအား ကျောက်မဲဆေးရုံသို့ ပို့ဆောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာမှ မိုင်းထိလူနာ ၂ ဦးအား ကျောက်မဲဆေးရုံသို့ ပို့ဆောင်

မိုင်းထွန်း (ကျောက်မဲ)

.

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာမှ မိုင်းထိလူနာ ၂ ဦးအား ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းက မိုင်းငေ့ါဆေးရုံမှတစ်ဆင့် ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ပေးလျက်ရှိကြောင်း သိရသည်။

.

.

နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာနေ နေအောင်၊ မျိုးဇော်ဦးနှင့် အိုက်ကျုံတို့ ၃ ဦးသည် ဒီဇင်ဘာလ ၂၇ ရက်၊ ညနေ ၆ နာရီအချိန်ခန့်က ထင်းခုတ်ပြီး ဆိုင်ကယ်တစ်စီးဖြင့် အတူ ပြန်လာစဉ် မြို့သစ်ရွာ-လမ်းလုံရွာသွား‌ တောလမ်းပေါ်တွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် နေအောင်တွင် ခြေမျက်စေ့အထက် ပေါက်ပြဲဒဏ်ရာ၊ ဝဲခြေဖမိုးပေါက်ပြဲဒဏ်ရာ၊ ယာခြေပွန်းပဲဒဏ်ရာ၊ ဝဲနံကြားပေါက်ပြဲဒဏ်ရာ မစိုးရိမ်ရနှင့် မျိုးဇော်ဦးတွင် ဝဲခြေသလုံးပွန်းပဲ့ဒဏ်ရာ၊ ဝဲခြေခုံ ပွန်းပဲဒဏ်ရာ၊ ဝဲရင်အုံပွန်းပဲ့ဒဏ်ရာ၊ ဝဲလက်ဖျံပွန်းပဲ့ဒဏ်ရာ မစိုးရိမ်ရ အသီးသီး ရရှိခဲ့ပြီး အိုက်ကျုံတွင် ဒဏ်ရာ ရရှိခြင်း မရှိကြောင်း သိရသည်။

.

ယင်းမိုင်းထိလူနာ ၂ ဦးအား ယနေ့ ဒီဇင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် မိုင်းငေါ့တိုက်နယ်ဆေးရုံသို့ ဦးစွာပို့ဆောင် ဆေးကုသမှု ခံယူစေခဲ့ပြီး နေ့လယ်ပိုင်းတွင် ကမ်းလင့်လက်များ ပရဟိတအသင်းကားဖြင့် ကျောက်မဲပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats