စုလှိုင်
.
ညောင်ရွှေမြို့၊ နန်းပန်ရပ်ကွက်ရှိ နန်းပန်ရေချောင်းအတွင်း
ယနေ့ ဒီဇင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းက ရေနစ်သေဆုံး နေသော အမျိုးသားအလောင်း တစ်လောင်း
တွေ့ရှိခဲ့ကြောင်း သိရသည်။
.
Photo - Lay Nge
.
သေဆုံးသူသည် ညောင်ရွှေမြို့၊ မြို့လယ်ရပ်ကွက်နေ
ဦးမြင့်မောင် (၆၅ နှစ်) ဆိုသူဖြစ်ပြီး စိတ်ဝေဒနာရှင်တစ်ဦးဖြစ်ကာ နန်းပန်ရေချောင်းအတွင်း
မှောက်လျက်အနေအထားဖြင့် ခန္ဓာကိုယ် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ ရေနစ်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
သေဆုံးသူ ဦးမြင့်မောင်၏ မိသားစုဝင် ပြောပြချက်အရ
ဦးမြင့်မောင်သည် လွန်ခဲ့သည့် ၆ နှစ်ခန့်က ဆောင်းတွင်း အချိန် ကာလတွင်လည်း သာစည်ရေကန်အတွင်းသို့
ခုန်ချခဲ့ဖူးကြောင်း၊ အရက်သေစာ ဖြတ်ထားသည့်အချိန်မှ စတင်၍ စိတ် ဂယောင်ခြောက်ခြားဖြစ်နေသူတစ်ဦးဖြစ်ကြောင်းနှင့်
ဆေးရုံဆေးခန်းသို့လည်း မကြာခဏ ပြသ ကုသနေရသူ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဦးမြင့်မောင် သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း
သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် ညောင်ရွှေ မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်
(၁၃/၂၀၂၀) ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment