နမ္မတူမြို့နယ်မှ မိုင်းထိ ဒဏ်ရာရ လူနာများအား ထောက်ပံ့ငွေများ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ္မတူမြို့နယ်မှ မိုင်းထိ ဒဏ်ရာရ လူနာများအား ထောက်ပံ့ငွေများ ပေးအပ်

စောဦး (ရတနာမြေ)

.

နမ္မတူမြို့နယ်မှ မိုင်းထိဒဏ်ရာ ရရှိခဲ့သည့် ဒေသခံ ၄ ဦးအား ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက်၊ ညနေပိုင်းက ဂရုဏာ စည်းလုံးညီညွတ်ရေးအသင်း (KMSS) မှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်ဟု သိရသည်။

.

.

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS)ကိုယ်စား နမ္မတူမြို့နယ် ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာအောင်သူထက်နှင့် မြို့နယ်တိုက်ပွဲရှောင် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့် တို့က နားဆိုင်းကျေးရွာအုပ်စု၊ နမ့်ပိုင်ကျေးရွာမှ မိုင်းစမှန် ဒဏ်ရာရရှိသူ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦး စုစုပေါင်း ၄ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၆၀၀၀၀၀ အား လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာအုပ်စု၊ နမ့်ပိုင်ကျေးရွာအနီးတွင် ဒီဇင်ဘာလ ၁၀ ရက်က RCSS/SSA နှင့် TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှ ဒေသခံ ၄ ဦး မိုင်းထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats