စောဦး (ရတနာမြေ)
.
ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မန်စံနှင့် ပန်ချင်ကျေးရွာဘုန်းတော်ကြီးကျောင်းများသို့
ရောက်ရှိနေသော တိုက်ပွဲရှောင် ပြည်သူများ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် နမ္မတူမြိုန့ယ်
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နန်းခမ်းအေး၊ မြို့နယ်တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီနှင့်
လူမှုရေးအသင်းအဖွဲ့များမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
.
.ထိုသို့ဆောင်ရွက်ရာတွင်
နမ္မတူမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေး၊
မန်စံတိုက်နယ်ဆေးရုံမှ တိုက်နယ်ဆရာဝန် ဒေါက်တာမျိုးသန့်ဇော်နှင့်
ကျန်းမာရေးဝန်ထမ်းများ၊ နွံစံဟွမ်လူမှုရေးအသင်းအဖွဲ့နှင့် လူငယ်များ ပူးပေါင်း၍
မန်စံကျေးရွာဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား
ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်း၊
ကျန်းမာရေးစစ်ဆေး ဆေးကုသပေးခြင်း၊ နေထိုင်စာသောက်ရေး အဆင်ပြေစေရေးအတွက်
ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
.
အလားတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ဒုတိယဦးစီးမှူး ဦးမျိုးမင်းဇော်နှင့် မြို့နယ်တိုက်ပွဲရှောင် စီမံခန့်ခွဲမှုကော်မတီ
အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်တို့က မန်စံကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့
ယာယီတိုက်ပွဲရှောင် လာရောက်ကြသော နမ့်တောင်ကုန်း ကျေးရွာအုပ်စု နားကျဲ၊
နားကျိုင်းကျေးရွာမှ အိမ်ထောင်စု ၂၈ စု၊ လူဦးရေ ကျား ၃၄ ဦး၊ မ ၅၅ ဦး၊ ပေါင်း ၈၉ ဦးနှင့်
ပန်ချင်ကျေးရွာအုပ်စု ပိန်းလုံ၊ ကွန်ကျောင်းကျေးရွာမှ အိမ်ထောင်စု ၂၈ စု၊ လူဦးရေ
ကျား ၂၄ ဦး၊ မ ၅၈ ဦး၊ ပေါင်း ၈၂ ဦး၊ ပန်ချင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့
ယာယီတိုက်ပွဲရှောင် လာရောက်ကြသော နမ့်တောင်ကုန်းကျေးရွာအုပ်စု နားကျဲကျေးရွာမှ
အိမ်ထောင်စု ၁၅ စု၊ လူဦးရေ ကျား ၁၅ ဦး၊ မ ၃၆ ဦး၊ ပေါင်း ၅၁ ဦးနှင့်
ပန်ချင်ကျေးရွာအုပ်စု ပိန်းလုံ၊ ကွန်ကျောင်းကျေးရွာမှ အိမ်ထောင်စု ၂၅ စု၊ လူဦးရေ
ကျား ၂၃ ဦး၊ မ ၄၅ ဦး၊ ပေါင်း ၆၈ ဦး၊ စုစုပေါင်းအိမ်ထောင်စု ၉၆ စု လူဦးရေ ကျား ၉၆
ဦး၊ မ ၁၉၄ ဦး၊ စုစုပေါင်းလူဦးရေ ၂၉၀ ဦးတို့အတွက် ဆန် ၁၀ အိတ်၊ ဆီ ပိဿာ ၂၀၊
ကုလားပဲ၊ ဆားနှင့် ရိက္ခာခြောက်များ စုစုပေါင်း ၆ သိန်းကျပ်ခန့်အား
ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးထံက သိရသည်။
.
ဆက်လက်၍ မန်စံကျေးရွာ
ဆီလိန်ခမ်းလူမှုကူညီရေးအသင်းနှင့် RELIEF International အဖွဲ့တို့ပူးပေါင်း၍
မန်စံ ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ တိုက်ပွဲရှောင်လာရောက်ကြသော
နမ့်တောင်ကုန်း ကျေးရွာအုပ်စု နားကျဲ၊ နားကျိုင်းကျေးရွာမှ အိမ်ထောင်စု ၂၈ စု၊
လူဦးရေ ကျား ၃၄ ဦး၊ မ ၅၅ ဦး၊ ပေါင်း ၈၉ ဦးနှင့် ပန်ချင်ကျေးရွာအုပ်စု၊ ပိန်းလုံ၊
ကွန်ကျောင်းကျေးရွာမှ အိမ်ထောင်စု ၂၈ စု၊ လူဦးရေ ကျား ၂၄ ဦး၊ မ ၅၈ ဦး၊ ပေါင်း ၈၂ ဦး၊
စုစုပေါင်း အိမ်ထောင်စု ၅၆ စု၊ လူဦးရေ ၁၇၁ ဦး တို့အတွက် တစ်အိမ်ထောင်လျှင်
အမျိုးသမီးဝတ်အင်္ကျီ ၁ ထည်၊ လုံချည် ၂ ထည်၊ ဆပ်ပြာခဲ ၁ ခဲ၊ သွားတိုက်ဆေး ၁ ဘူး၊
သွားတိုက်တံ ၃ ချောင်း၊ လက်သည်းညှပ် ၁ ခု၊ ခေါင်းဖီး ၁ ချောင်းနှင့်
ထုတ်ပိုးရန်အိတ် ၁ လုံးနှုန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး
ပန်ချင်ကျေးရွာဘုန်းတော်ကြီးကျောင်းရှိ ယာယီ တိုက်ပွဲရှောင်ပြည်သူများသို့လည်း
ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ဆီလိန်ခမ်း လူမှုကူညီရေးအသင်း
အသင်းခေါင်းဆောင် ဒေါ်နန်းခမ်းမီးထံက သိရသည်။
.
အဆိုပါတိုက်ပွဲရှောင်ပြည်သူများမှာ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက နမ္မတူမြို့နယ်
နမ့်တောင်ကုန်းကျေးရွာအုပ်စု၊ နားကျဲကျေးရွာနှင့် ပန်ချင်ကျေးရွာ အုပ်စု၊
ပိန်းလုံကျေးရွာအနီးတိုက်ဝိုက်တွင် RCSS/SSAအဖွဲ့နှင့် TNLA
အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား ခဲ့သဖြင့် မန်စံကျေးရွာ
ရွှေစကားဝါမြေဘုန်းတော်ကြီးကျောင်းနှင့် ပန်လုံကျေးရွာဘုန်းတော်ကြီး ကျောင်းများသို့
လာရောက်ခိုလှုံကြသော နမ့်တောင်ကုန်းကျေးရွာအုပ်စု နားကျဲ၊ နားကျိုင်းကျေးရွာနှင့်
ပန်လုံကျေးရွာအုပ်စု ပိန်းလုံ၊ ကွန်းကျောင်းကျေးရွာတို့မှ
ယာယီတိုက်ပွဲရှောင်ပြည်သူများ ဖြစ်ကြောင်း သိရသည်။
.