နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက် (၈)တွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက် (၈)တွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်း

နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် (၈)တွင်  ဒီဇင်ဘာလ ၂၉ ရက်၊ ည​ ၆ နာရီ ၄၅ မိနစ်ခန့်က မီးဖို မီးကြွင်း/မီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

.



မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ နမ္မတူမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ​ဒေသခံများက မီးသတ်ယာဉ် ၂ စီးဖြင့် ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့​ကြောင်း သိရသည်။ 

.

ယင်းကဲ့သို့ မီးလောင်ကျွမ်းမှု​ကြောင့် နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် (၈)ရှိ ဦးထွန်းရင်၏ ​နေအိမ်နှင့်  ဆိုင်ကယ် ၁ စီးဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန်ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း နမ္မတူမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝဏ္ဏထွန်းအေးထံမှ သိရသည်။

.

အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ဦးထွန်းရင်အား နမ္မတူမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ - ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

Journal Download

Photo of three cats