နောင်ချိုမြို့နယ်၊ အင်းမ-ဘန့်ဘွေးကျင်း ရေတံခွန်သွား မြေသားလမ်း ဖောက်လုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်ချိုမြို့နယ်၊ အင်းမ-ဘန့်ဘွေးကျင်း ရေတံခွန်သွား မြေသားလမ်း ဖောက်လုပ်

မိုင်းထွန်း (ကျောက်မဲ)

.

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ ဘန့်ဘွေးကျင်းရေတံခွန်သွား အင်းမ-ဘန့်ဘွေးကျင်း မြေသားလမ်းအား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဦးစီးဌာနမှ ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ် လျက်ရှိကြောင်း သိရသည်။

.

.

အင်းမ-ဘန့်ဘွေးကျင်းမြေသားလမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်  နယ်စပ်ဒေသဖွံ့ဖြိုးရေး (ရှမ်းပြည်နယ် အစိုးရ) ခွင့်ပြုဘဏ္ဍာရန်ပုံငွေကျပ် ၁၂၀ ဒသမ ၄၇၈ သန်းဖြင့် Golden Decates ကုမ္ပဏီက နိုဝင်ဘာလ ၂၆ ရက်တွင် စတင်ဖောက်လုပ်နေခြင်းဖြစ်ပြီး လမ်းအရှည်မိုင် ၃ မိုင်၊ အကျယ် ပေ ၃၀ ရှိကာ ဖေဖော်ဝါရီလကုန်တွင် အပြီးသတ် ဖောက်လုပ်သွားမည်ဖြစ်ကြောင်း ကျောက်မဲခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

.

ဘန့်ဘွေးကျင်းရေတံခွန်သည် နိုင်ငံခြားသား ခရီးသွားများနှင့် ပြည်တွင်း အပန်းဖြေခရီးထွက်သူများ နှစ်သက်သည့် နေရာတစ်ခုဖြစ်ရာ မြေသားလမ်း ဖောက်လုပ်ပြီးစီး ပါက ပြည်တွင်း/ပြည်ပ ခရီးသွားများ များပြားလာမည် ဖြစ်သည့် အတွက် ဒေသဖွံ့ဖြိုးတိုးတက်မှု၌ များစွာအထောက်အကူပြုမည်မည်ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မြေသားလမ်း ဖောက်လုပ်နေမှုအား ဒီဇင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ကျောက်မဲခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထက်၊ နောင်ချိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

.


Journal Download

Photo of three cats