နောင်ချိုတွင် ခေါက်တိုကုန်တင်ယာဉ် မောင်းနှင်သူများအတွက် Quarantine Camp သီးသန့်ထားရှိ ဆောင်ရွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

နောင်ချိုတွင် ခေါက်တိုကုန်တင်ယာဉ် မောင်းနှင်သူများအတွက် Quarantine Camp သီးသန့်ထားရှိ ဆောင်ရွက်

စုလှိုင်

.

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စုမှ ခေါက်တို (နေ့ချင်းပြန်) ကုန်တင်ယာဉ် မောင်းနှင်သူများ အတွက် ဒီဇင်ဘာလ ၁၄ ရက်မှ စတင်၍ Quarantine Camp သီးသန့်ထားရှိ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

.


.

“နောင်ချိုအခြေစိုက် ကားလေးတွေက အနီးတစ်ဝိုက် ပြင်ဦးလွင်လောက် သွားကြတယ်။ ခေါက်တိုဆိုတော့ တစ်ရက်ကို အသွားတစ်ခေါက်၊ အပြန်တစ်ခေါက် နေ့တိုင်းဆေးစစ်ဖို့ မလွယ်ဘူး။ ဒီတော့ ခေါက်တိုသွားမယ့် ကားလေး တွေကို သီးသန့် Camp လုပ်ပေးလိုက်တယ်။ ကားသမားကို ဆေးစစ်တယ်။ ကျန်းမာရေး ဆေးစစ်ပြီးကြောင်း ထုတ်ပေး လိုက်တယ်။ ပြင်ဦးလွင်ကို သွားရင် ပြန်လာတဲ့အခါ အဲဒီ Camp မှာ နေမယ်။ ကားကို ပိုးသတ်ဆေးဖြန်း ပြီးရင် တခြားကားသမားက ကုန်ချမယ်ပေါ့” ဟု နောင်ချိုမြို့နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

နောင်ချိုမြို့နယ်အတွင်း COVID-19 ရောဂါပိုး တွေ့ရှိမှု လျော့နည်းစေရန်နှင့် ကုန်စည်စီးဆင်းမှု အခက်အခဲ မဖြစ်ပေါ် စေရန်အတွက် ယင်းကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

.

နောင်ချိုမြို့နယ်သည် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တည်ရှိပြီး အရှေ့ဘက်တွင် ကျောက်မဲမြို့နယ်၊ တောင်ဘက်တွင် ရပ်စောက်မြို့နယ်၊ အနောက် ဘက်တွင် ပြင်ဦးလွင်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

.


Journal Download

Photo of three cats