ကိုကိုနိုင် (မိုင်းယု)
.
တာချီလိတ်ခရိုင်၊ မိုင်းယုမြို့အဝင်
မိုင်းယောင်း-မိုင်းယုကားလမ်းအား မိုင်းယုမြို့ လမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁
ဘဏ္ဍာရေးနှစ် ပြည်နယ် (ပြင်/ထိန်း)ခွင့်ပြုရန်ပုံငွေကျပ် ၄၃ ဒသမ ၈ သန်းဖြင့်
ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.အဆိုပါ မိုင်းယောင်း-မိုင်းယုကားလမ်းမ ၂၇ ဒသမ ၉၀
ကီလိုမီတာနှင့် ၂၈ ဒသမ ၁၅ ကီလိုမီတာအတွင်းမှ
မိုင်းယုမြို့အဝင် အလျား ၂၅၀ မီတာ၊ အနံ ၃ ဒသမ ၆၆ မီတာရှိသည့်
ကတ္တရာထပ်ပိုးလွှာ ခင်းကျင်းလုပ်ငန်းကို ပြည်နယ်လမ်းဦးစီးဌာနမှ
ကြီးကြပ်အင်ဂျင်နီယာ ဦးစီးအရာရှိ(မြို့ပြ) ဦးထက်ဝေတင့်နှင့် မိုင်းယုမြို့
လမ်းဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ(မြို့ပြ) ဦးဟန်ရည်ထွန်းတို့က
တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်း မိုင်းယုမြို့အဝင် မိုင်းယောင်း-မိုင်းယု
ကားလမ်းမသည် ယခင်က ကတ္တရာလမ်း ခင်းကျင်းထားပြီးဖြစ်သော်လည်း
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည့်အလျောက် ယာဉ်အသွားအလာ များပြားသည့်အတွက်
လမ်းမမှာ ချိုင့်ခွက်များနှင့် ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်နေပြီး ယခုကဲ့သို့
ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးပါက သွားလာရေး
အဆင်ပြေစေမည်ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
.
No comments:
Post a Comment