စိုင်းအောင်ဇော်လင်း
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အသွားအလာ
ကန့်သတ်ထားသူများအနက် ၁၄ ရက်ပြည့်သူ ၄၁ ဦးကို ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်၊ ညနေပိုင်းက
နေအိမ် ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။
.
.ထိုသို့ နေအိမ်ပြန်ခွင့်ပြုရာတွင် မိုင်းယောင်းမြို့နယ်
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက “နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ၊ COVID-19
ရောဂါ ကူးစက်ပျံ့နှံ့မှုကို
ကာကွယ်ဖို့ လူအများနဲ့ ထိတွေ့မှုကို တတ်နိုင်သမျှ လျှော့ချဖို့က
အဓိကအကျဆုံးဖြစ်ပါတယ်။ COVID-19 ရောဂါ ကာကွယ်ရေးအတွက်
အသွားအလာ ကန့်သတ်ခြင်းကာလ ၁၄ ရက်ပြည့်အောင် ပါဝင်ပူးပေါင်းဆောင်ရွက်ပေးတဲ့ အတွက်
ကျေးဇူးတင်ပါတယ်”ဟု ပြောကြားခဲ့သည်။
.
ထို့နောက် ကျန်းမာရေးဌာနမှ သားဖွားဆရာမ
ဒေါ်နန်းလောင်ခမ်းက အိမ်တွင်ထားရှိအသွားအလာ ကန့်သတ်ခြင်း၊ နောက်ထပ် ၇ ရက်အတွင်း
လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ COVID-19 ရောဂါ ကာကွယ်ရေးဆိုင်ရာ
ကျန်းမာရေး အသိပညာပေးအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးညီညီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး၊
ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်း၊ ကျန်းမာရေးဌာနမှ သားဖွားဆရာမ
ဒေါ်နန်းကိန်ခမ်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းညို၊
ဝမ်ဘိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းသောင်းငွေနှင့်
ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူများက ကျန်းမာရေးထောက်ခံစာများကို တစ်ဦးချင်း
ပေးအပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ အသွားအလာ ကန့်သတ်ခြင်းကာလ
ပြည့်ပြီးသူများမှာ COVID-19 ရောဂါ ဖြစ်ပွားရာမြို့နယ်မှ
ပြန်လည် ဝင်ရောက်လာသူများဖြစ်ပြီး ဝမ်ဘိုးကျေးရွာအုပ်စုရှိ အမက (ဝမ်ပုံ) Quarantine
Center၊ အမက (ယမ်းလဲ) Quarantine Center၊ အမက (ယမ်းမွန်း)
Quarantine Center၊ အမက (ဝမ်ဘိုး) Quarantine Center နှင့် အမက (ပါမုန်) Quarantine Center တို့တွင်
အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူထားသူများဖြစ်ကာ ၎င်းတို့အား
မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ဒေါက်တာစိုင်းအောင်မိုးနှင့်
ဦးအောင်ချမ်းပြည့်တို့က မော်တော်ယာဉ်ဖြင့် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း
သိရသည်။
.