အားချာ
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ
Community Based Facility Quarantine Center များတွင် အသွားအလာ
ကန့်သတ်စောင့်ကြည့်ထားသူများအနက် ၁၄ ရက်ပြည့်ပြီး COVID-19 ရောဂါပိုး
မတွေ့ရှိသူ ၃၃ ဦးကို ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက်၊ ညနေပိုင်းက နေအိမ်သို့ ပြန်ခွင့်ပြုခဲ့သည်ဟု
သိရသည်။
.
.
ထိုသို့ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူများအား
နေအိမ်ပြန်ခွင့်ပြုရာတွင် မိုင်းယောင်းမြို့နယ် COVID-19
ရောဂါ ကာကွယ်၊ ထိန်းချုပ်၊
ကုသရေးလုပ်ငန်းကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက
အိမ်ပြန်ခွင့် ရသူများအား COVID-19 ရောဂါ ကာကွယ်ရေးအတွက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ နေထိုင်ရေးအတွက် ရှင်းလင်းပြောဆိုခဲ့သည်ဟု
သိရသည်။
.
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမြင့်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊
ကျန်းမာရေးမှူး ဦးမြတ်စိုးအောင်၊ မြို့မိမြို့ဖများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး
ဦးသန့်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ လူမှုရေး အသင်းဝင်များနှင့် သက်ဆိုင်ရာ
ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက အိမ်ပြန်ခွင့်ရသူတစ်ဦးချင်းအား အသွားအလာ ကန့်သတ်ကာလ
နေထိုင်ပြီးစီးကြောင်း ကျန်းမာရေးထောက်ခံစာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ နေအိမ်ပြန်ခွင့်ရသူများသည်
တာချီလိတ်မြို့မှ မိုင်းယောင်းမြို့သို့ ပြန်လာ၍ သက်ဆိုင်ရာ Community
Based Facility Quarantine Center များဖြစ်သည့်
မြို့နယ်မိုးလုံလေလုံအားကစားရုံမှ ၁၀ ဦး၊ အလက (တပ်တွင်း)မှ ၃ ဦး၊ အမက (၅) ကျောင်းမှ
၁၈ ဦး၊ နမ့်ခပ်မှ တစ်ဦးနှင့် The Mong Yawng (မိုင်းယောင်း)မှ
တစ်ဦး စုစုပေါင်း ၃၃ ဦးတို့ ဖြစ်ပြီး ၎င်းတို့၏ ဓါတ်ခွဲနာမူနာ ဆေးစစ်ချက်များအရ COVID-19 ရောဂါပိုး မတွေ့ရှိခဲ့ကြောင်းနှင့် နေအိမ်တွင် နောက်ထပ် Home
Quarantine အသွားအလာကန့်သတ် ရက်သတ္တပတ်ကြာ
ဆက်လက်နေထိုင်ကြရမည်ဖြစ်ကြောင်း
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
.