မိုင်းယောင်း-မိုင်းယုကားလမ်း ကတ္တရာထပ်ပိုးလွှာ ခင်းကျင်းလုပ်ငန်းကို မတ်လကုန် အပြီး ဆောင်ရွက်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်း-မိုင်းယုကားလမ်း ကတ္တရာထပ်ပိုးလွှာ ခင်းကျင်းလုပ်ငန်းကို မတ်လကုန် အပြီး ဆောင်ရွက်မည်

ကိုကိုနိုင် (မိုင်းယု)

.

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယောင်း-မိုင်းယုကားလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ မတ်လကုန် အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.


.

ထိုသို့ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မိုင်တိုင် ၁၂ ဒသမ  ၈၇ ကီလိုမီတာနှင့် ၁၃ ဒသမ ၈၇ ကီလိုမီတာကြား လမ်းအရှည် ၁ ကီလိုမီတာ၊ အကျယ် ၃ ဒသမ ၆၆ မီတာ လမ်းပိုင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်(ပြင်/ထိန်း) ခွင့်ပြုရန်ပုံငွေ ကျပ် ၁၇၀ သန်းဖြင့် မိုင်းယောင်းမြို့နယ် လမ်းဦးစီးဌာနမှ  တာဝန်ခံအင်ဂျင်နီယာ (၂) (မြို့ပြ) ဦးသန့်ဇင်က လည်းကောင်း၊ မိုင်တိုင် ၁၃ ဒသမ ၈၇ ကီလိုမီတာနှင့် ၁၄ ဒသမ ၈၈ မီတာ အကြား လမ်းအရှည် ၁ ဒသမ ၀၁ ကီလိုမီတာ၊ အကျယ် ၃ ဒသမ ၆၆ မီတာကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ် (ပြင်/ထိန်း) ခွင့်ပြုရန်ပုံငွေ ကျပ် ၁၇၁ ဒသမ ၇ သန်းဖြင့် မိုင်းယုမြို့ လမ်းဦးစီးဌာနတို့မှ တာဝန်ခံအင်ဂျင်နီယာ(မြို့ပြ) ဦးဟန်ရည်ထွန်းကလည်းကောင်း အသီးသီး တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

မိုင်းယောင်း-မိုင်းယုကားလမ်းမသည် ယခင်က ကတ္တရာလမ်း ခင်းကျင်းထားခြင်းဖြစ်သော်လည်း နယ်စပ်ဒေသ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ကုန်တင်ယာဉ်များ၊ လိုင်းကားများ၊ ဆိုင်ကယ်များ ရာသီမရွေးသွားလာနေသည့်အတွက် ချိုင့်ခွက်များနှင့် အချို့နေရာများတွေမှာ ပျက်စီးမှုဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မိုင်းယောင်း-မိုင်းယုကားလမ်း ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း လုပ်ငန်းကို ဒီဇင်ဘာလ ၁ ရက်ကတည်းက စတင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats