စိုင်းအောင်ဇော်လင်း
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင်
နွေစပါး အထွက်နှုန်းကောင်းစေရန်အတွက် ဘောင်စနစ်ဖြင့် ပျိုးထောင် စိုက်ပျိုးလျက်ရှိကြောင်း
သိရသည်။
.
.“စပါးကို ဘောင်စနစ်နဲ့ စိုက်ပျိုးရာမှာ
မျိုးစပါးတွေကို ၁၀ ပြည်ထက်ပိုပြီး အသုံးမပြုရပါဘူး။ မျိုးစေ့ချပြီး ၃ ရက်ကနေ ၅ ရက်အတွင်း
ပျိုးဘောင်တွေကို ရေမလွှမ်းစေရပါဘူး။ စပါးစိုက်ပျိုးရာမှာ ကောက်ပင်ရဲ့ အတိမ်၊ အနက်
တစ်လက်မခွဲ ထက် မပိုစေရပါ၊ စပါးစိုက်ခင်းကို အမြဲမပြတ် ရေကို သွင်းထားခြင်း မပြုရပါဘူး။
ဓာတုပိုးသတ်ဆေး မလိုအပ်ဘဲ သုံးစွဲခြင်း မပြုရပါဘူး” ဟု မိုင်းယောင်းမြို့နယ်စိုက်ပျိုးရေးဦးစီး
ဌာနမှူး ဦးကျော်ကျော်မိုးက ပြောသည်။
.
ယင်းကဲ့သို့ ဘောင်စနစ်ဖြင့် ပျိုးထောင်စိုက်ပျိုးနေမှုကို
ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်က မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှူး ဦးကျော်ကျော်မိုးနှင့်
ကွင်းဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး နွေစပါးစိုက်ခင်း
ဘောင်စနစ်ဖြင့် ပျိုးထောင်ရန်၊ ဘောင်စွဲ၊ ပျိုးကြဲခြင်း၊ ပလပ်စတစ်ဖြင့်
အပူချိန်ရရှိစေရန် အမိုးကိုင်းများ ပြုလုပ်ခြင်းများကို ဆောင်ရွက် ခဲ့ကြောင်းသည်။
.