မိုင်းယန်းမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာတွင် ကုန်ထုတ်လမ်း ဖောက်လုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယန်းမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာတွင် ကုန်ထုတ်လမ်း ဖောက်လုပ်မည်

ထွန်းထွန်းထူး

.

ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း ၂ လမ်း ဖောက်လုပ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

.



 .

အဆိုပါ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၁၉ သန်းကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ရာ ယခုအခါ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တင်ဒါ ခေါ်ယူမှုဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးသက်လင်းထွန်း ထံက သိရသည်။

.

 ထိုသို့ ကုန်ထုတ်လမ်းများဖောက်လုပ်ခြင်းအောင်မြင်စွာဆောင်ရွက် ပြီးစီးပါက ကျေးရွာ ၂ ရွာရှိ အိမ်ခြေ ၁၁၁ အိမ်မှ လူဦးရေ ၇၉၁ ဦးခန့် ၏ သွားလာမှုနှင့်ကုန်စည်စီးဆင်းမှုမြန်ဆန်နိုင်ရုံသာမက လယ်ယာဧက ၁၈၀ ကျော်မှ ထွက်ကုန်သီးနှံများကို ကုန်ကျစရိတ်သက် သာစွာဖြင့် အလွယ်တကူသယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats