ကိုကိုနိုင်
.
တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ ဟိုခိုတံတားအနီးရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ခရီးသွားလာသူများအား သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ သွားလာခွင့် ကတ်ပြားနှင့် ဌာနဆိုင်ရာ ဝန်ထမ်း ဖြစ်ပါက M.O ပါမှသာ ဝင်/ထွက် သွားလာခွင့် ပြုတော့မည် ဖြစ်ကြောင်း မြို့ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ အသိပေး နိုးဆော်ထားသည်။
.
တာချီလိတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ်တို့တွင် COVID-19 ရောဂါ ပိုးတွေ့ရှိသူ ဦးရေများ နေ့စဉ် တိုးလာသည်နှင့်အမျှ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ရောဂါ ကင်းစင်နေ သဖြင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ရောဂါကူးစက်ခံရမှု မရှိစေရန်အတွက် ယင်းကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
.
မိုင်းယောင်းမြို့နယ်မှ လာသူများအား မိုင်းယောင်းမြို့နယ်ရှိ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးမှ ထုတ်ပေးသည့် သွားလာခွင့်ကတ် ပါမှသာ မိုင်းယုမြို့သို့ ဝင်ခွင့်ပြုမည် ဖြစ်ပြီး အလားတူ မိုင်းယုမြို့ ဒေသခံပြည်သူများကလည်း မိုင်းယောင်းမြို့နယ်သို့ သွားပါက မိုင်းယုမြို့ရှိ သက်ဆိုင်ရာ ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူး၏ သွားလာခွင့်ကတ်ပြားပါမှသာ သွားလာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
.
အလားတူ မိုင်းယုမြို့၏ ဌာနဆိုင်ရာများအနေဖြင့်လည်း မြို့တွင်းသွားလာပါက ကတ်ပြားပြရန် မလိုဘဲ ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ လက်မှတ် ရေးထိုးရန်သာ လိုအပ်ပြီး မိုင်းယောင်းမြို့နယ် ပြင်ပသွားပါက (M.O) ယူဆောင်သွားရန် လိုအပ်ပြီး မပါက Home Quarantine ၇ ရက်နေ၍ Antigen (RDT)Test Kit ဖြင့် စစ်ဆေးမှုများကို ဟိုခိုတံတားအနီး ကျန်းမာရေးစစ်ဆေးဂိတ်တွင် ဆောင်ရွက်ရန် လမ်းညွှန် မှာကြားထားကြောင်း သိရသည်။
No comments:
Post a Comment