ကျောက်တလုံးကြီးတွင် ဆောင်းသီးနှံဖြစ်သည့် ကြက်သွန်ဖြူစတင် စိုက်ပျိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်တလုံးကြီးတွင် ဆောင်းသီးနှံဖြစ်သည့် ကြက်သွန်ဖြူစတင် စိုက်ပျိုး

မြဝင်း

.

တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့ ၌ မိုးစပါးရိတ်သိမ်းပြီး ဖြစ်၍ လယ်မြေများတွင် ဆောင်းသီးနှံ ဖြစ်သောကြက်သွန်ဖြူကို စတင် စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။

.

မိုးစပါး ရိတ်သိမ်းပြီး​နောက် နိုဝင်ဘာလတွင် လယ်မြေများကို ထွန်ရေးညက်အောင် ပြုပြင်ကာ ဒီဇင်ဘာလမှ စ၍ ကြက်သွန်ဖြူကို ဘောင်ဖော်ပြီး မြေအောင်းအဖြစ် နွားချေးနှင့် မြေဩဇာထည့်ကာ တစ်ပင်နှင့် တစ်ပင် ၂ လက်မ၊ တစ်တန်းနှင့် တစ်တန်း ၄ လက်မခွာ၍ စိုက်ပျိုးရကြောင်း ​တောင်သူများထံမှ သိရသည်။

.


ယင်း​ကဲ့သို့ စိုက်ပျိုးပြီး​နောက် ရေ တစ်ပတ် တစ်ကြိမ် ပက်ဖျန်းခြင်း၊ ၄ ပတ်ကြာလျှင် မြေဩဇာ ထည့်သွင်းပေးခြင်း၊ ပေါင်းပင်ရှင်းခြင်းကို ၂ လအကြာထိ ​ဆောင်ရွက်ခြင်း၊ ရက်ပေါင်း ၉၀ အကြာတွင် ကြက်သွန်ဖြူများ စ ဖူးပါက အဖူးများကို ခူးချွေပေးခြင်းများ ပြုလုပ်ရမည် ဖြစ်ပြီး၊ ထိုသို့ ​ဆောင်ရွက်မှသာ ကြက်သွန်ဖြူဥ ကြီးထွားမည် ဖြစ်ကြောင်း ကျောက်တလုံးကြီးမြို့မှ ကြက်သွန်ဖြူစိုက် တောင်သူ ဦးထွန်းက ရှင်းပြသည်။

.

စိုက်ပျိုးသည့် ရက်ပေါင်း ၄ လခန့် အကြာတွင် ကြက်သွန်ဖြူပင်စည်နှင့် အရွက်များ ဝါလာပါက  ကြက်သွန်ဖြူကို သိမ်းယူနိုင်ပြီ ဖြစ်ပြီး ကြက်သွန်ဖြူမျိုး ပိဿာချိန် ၁၀၀ စိုက်ပျိုးလျှင် ပိဿာချိန် ၆၀၀ အထက်ခန့်ထိ ထွက်ရှိနိုင်ကြောင်း သိရသည်။

Journal Download

Photo of three cats