နန်းဝင်းရီ
.
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းကန်ကျေးရွာအုပ်စု၊
ရွှေတောင်ကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၁၀ ရက်၊ နေ့လယ် ပိုင်းက ငွေကျပ် ၅၈ သိန်းကျော်
တန်ဖိုးရှိ ဘိန်းစိမ်း၊ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.မူးယစ်တပ်ဖွဲ့စု (၂၉) မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၀ ရက်၊ နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်က မူးယစ်ဆေးဝါး
သတင်းအရ မိုင်းတုံမြို့နယ်၊ မိုင်းကန်ကျေးရွာအုပ်စု၊ ရွှေတောင်ကျေးရွာနေ ကျဒေ့ ၏ နေအိမ်အား
ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင် အသင့်တွေ့ရပြီး ၎င်း၏အိပ်ရာဘေးမှ အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့်
ထုတ်ထားသော ဘိန်းစိမ်းဟု ယူဆရသည့် အမဲရောင်အစေးခဲ ၁ ဒသမ ၂ ကီလိုဂရမ်ခန့်ပါ ၁ ထုပ်၊
တန်ဖိုး ၁၈ သိန်းကျပ်၊ အပြာရောင်ပလတ်စတစ် ဆပ်ပြာခွက်များဖြင့် ထည့်လျက် ဘိန်းဖြူဟု
ယူဆရသော အဖြူရောင် အမှုန့် ၁၅ ဂရမ်ခန့်၊ တန်ဖိုး ၂၂၅၀၀၀ ကျပ်၊ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀ ပြား၊ တန်ဖိုး ၃၈ သိန်းကျပ်၊
စုစုပေါင်း မူးယစ်ဆေးဝါးတန်ဖိုး ၅၈၂၅၀၀၀ ကျပ်ခန့်အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍
ကျဒေ့အား မိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ
ပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment