မင်းဇော်မင်း
.
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် ယနေ့ ဒီဇင်ဘာလ
၁၃ ရက်က ပူးပေါင်းအဖွဲ့များမှ ဘိန်းခင်း ၁၀ ဒသမ ၅ ဧကအား ဖျက်ဆီးခဲ့သည်ဟု သိရသည်။
.
.
ထိုသို့ ဖျက်ဆီးရာတွင် မိုင်းတုံမြို့၏ အနောက်မြောက်ဘက်
မိုင် ၄၀ ခန့်အကွာ မိုင်းကန်ကျေးရွာအုပ်စု၊ ပါမ၊ မယ်ကျလဲ၊ ကျကျီးလုံကျေးရွာများဝန်းကျင်ရှိ
အမြင့် ၈ လက်မမှ ၁၀ လက်မ ခန့်ရှိ ဖူးပွင့်ဆဲ ဘိန်းခင်း ၆ ဒသမ ၅ ဧကကိုလည်းကောင်း၊ မိုင်းတုံမြို့
အနောက်ဘက် ၁၄ မိုင်ခန့်အကွာ ဂေါ်တော ကျေးရွာ အနီးဝန်းကျင်မှ အမြင့် ၁ ပေခွဲခန့်ရှိ
ဖူးပွင့်ဆဲ ဘိန်းခင်း ၄ ဧကကိုလည်းကောင်း ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
၂၀၂၀-၂၀၂၁ ခုနှစ် ဘိန်းစိုက်ရာသီတွင် ဘိန်းစိုက်ပျိုးမှု
သတင်းစုံစမ်းရရှိထားသည့် ဘိန်းခင်းများကို ပူးပေါင်းအဖွဲ့ များဖြင့် ဖျက်ဆီးနေခြင်းဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment