မူဆယ်တွင် ငွေကျပ်သိန်း ၁၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်တွင် ငွေကျပ်သိန်း ၁၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ကမ္ဘောဇတိုင်း

.

မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဆင်ဖြူဈေးရှိ ခရီးသည်ပို့ဆောင်ရေးဂိတ်တစ်ခုတွင် ဒီဇင်ဘာလ ၂၉ ရက်၊ နံနက် ပိုင်းက ငွေကျပ် သိန်း ၁၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

.

မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဆင်ဖြူဈေး၊ တိုက်တန်းအမှတ် (R-10)ရှိ ခရီးသည်ပို့ဆောင်ရေးကားဂိတ်တွင် ဒီဇင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းက အမျိုးသား ၂ ဦးမှ မသင်္ကာဖွယ် စက္ကူဂျပ်ဖာများလာရောက်အပ်နှံသွားကြောင်း သတင်းအရ မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ဖွင့်ဖောက် စစ်ဆေးရာ စက္ကူဂျပ်ဖာများအတွင်းမှ ဘိန်းဖြူ ၉ ဒသမ ၉ ကီလို၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄၈၅ သိန်း၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၈ဝဝ ပြား၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၈ သိန်းတို့ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.


Journal Download

Photo of three cats