မိုင်းပန်၌ စွန့်ပစ်အမှိုက်ကျင်း ပြောင်းရွှေ့ရေး ကွင်းဆင်း ဆောင်ရွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းပန်၌ စွန့်ပစ်အမှိုက်ကျင်း ပြောင်းရွှေ့ရေး ကွင်းဆင်း ဆောင်ရွက်

မင်းဇော်မင်း

.



မိုင်းပန်မြို့ရှိ မြို့လူထုစွန့်ပစ်နေသည့် အမှိုက်ကျင်းမှာ မိုင်းပန်-ကျိုင်း​တောင်းသွား ကားလမ်း ဘေးတွင် ရှိနေသည့်အပြင် ပြည့်လျှံလာသည့်အတွက် အခြား မြေလွတ်မြေရိုင်း နေရာသို့ ပြောင်းရွှေ့နိုင်ရေး ဒီဇင်ဘာ ၁၁ ရက်က မိုင်းပန်မြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သည့် ဌာနဆိုင်ရာများမှ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

.

" အရင်ကတည်းက တင်ပြထားတာ၊ ၆ နှစ်ကျော်လာတော့ အမှိုက်ကျင်းက ပြည့်လာတာရယ် ကျိုင်းတောင်းဖက်ကို လူအလာ များတာရယ်ကြောင့် မြေစီခန့်နဲ့ တိုင်ပင်ပြီး ကုန်းကျိုင်းရွာဘက်ကို ရွှေ့ဖို့ ကွင်းဆင်းကြည့်တာပါ။ လမ်းကတော့ ၁ မိုင်လောက် ခင်းဖို့ လိုနေတယ်။ ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြ လုပ်ဆောင်သွားဖို့ရှိမယ်။" ဟု မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းနောင့်က ပြောသည်။

.

အမှိုက်ကျင်း ပြောင်းရွှေ့နိုင်ရန်မြို့၏ အရှေ့မြောက်ဘက်  ၃ မိုင်ခန့်အကွာ ကုန်းကျိုင်းကျေးရွာအုပ်စုရှိ မြေလွတ်မြေရိုင်း ဧက ၅ ဒသမ ၂၃ ဧကအား အသုံးပြုနိုင်ရန် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနသို့ တင်ပြထားရှိပြီး

ယင်းနေရာတွင် ချိုင့်မြေရှိနှင့်ပြီး ဖြစ်သော်လည်း မြို့နယ်ကျေးလက်လမ်းမှာ ၂ မိုင်ခန့်အထိသာ ရှိသည့်အတွက် ကျောက်ချောလမ်း ၁ မိုင် ထပ်မံ ခင်းနိုင်ရေး လိုအပ်နေသဖြင့် အဆိုပါ လမ်းခင်းနိုင်ရေး သက်ဆိုင်ရာဌာနများသို့ တင်ပြ လုပ်ဆောင်သွားရန် ရှိကြောင်း သိရသည်။

.

" ကျိုင်းတာင်းဖက် သွားတဲ့လမ်းက အမှိုက်ကျင်းက အခု လွိုင်မုံမိုင်းတောင်ပေါ်မှာ ဘုရား တည်နေတာ၊ သဘာဝ တိမ်ပင်လယ် ကြည့်လာကြတာတွေကြောင့် အနံ့အသက်က အစ မြင်ကွင်း မကောင်းတော့ဘူး။ မြို့အင်္ဂါရပ်နဲ့ ညီညွတ်အောင်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်နဲ့တိုင်ပင်ပြီး နေရာသစ်ကို ရှာဖွေလုပ်ဆောင်ဖို့ မြေစီ အဖွဲ့ နဲ့ ကွင်းဆင်းဆောင်ရွက်တာပါ။ " ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

.

မိုင်းပန်မြို့တွင် ကုန်စုံဆိုင် ၂၇ ဆိုင်၊ စားသောက်ဆိုင် ၁၂ ဆိုင်၊ လက်ဖက်ရည်ဆိုင် ၅ ဆိုင်နှင့် မြို့ပေါ်  ၄ ရပ်ကွက်တွင် လူဦးရေ ၆၄၁၅ ဦး ရှိကြောင်း ​ဒေသဆိုင်ရာ အချက်အလက်များအရ သိရသည်။

Journal Download

Photo of three cats