.
မိုင်းယုမြို့တွင် COVID-19 ရောဂါဆိုင်ရာ အခြေအနေများကြောင့် နယ်စပ်ကုန်သွယ်ရေး တံတားဖြစ်သည့် မိုင်းယု-ကျိန်းယဲန်း တံတားကို အထူးဒေသ(၄)အဖွဲ့မှ ဒီဇင်ဘာ ၄ ရက်၊ ညနေ ၆ နာရီက ကုန်စည် ဖြတ်သန်း သွားလာခွင့်ကို ၁၄ ရက် ယာယီ ပိတ်ထားလိုက်ကြောင်း သိရသည်။
.
အထူးဒေသ(၄)၊ နမ့်ပန်းဒေသ တာဝန်ရှိသူများက မိုင်းယုဖက်ခြမ်းရှိ သက်ဆိုင်ရာ တာဝန်ရှိသူများအား အကြောင်းကြားကာ ဒီဇင်ဘာ ၄ ရက်၊ ညနေ ၆ နာရီကစတင်၍ ဒီဇင်ဘာ ၁၇ ရက်ထိ နယ်စပ်ဒေသ ကုန်သွယ်ရေးတံတား ဖြစ်သည့် မိုင်းယု-ကျိန်းယဲန်းတံတားကို ကုန်စည်များ ဖြတ်သန်းသွားလာခွင့်အား ၁၄ ရက်တိတိ ယာယီ ပိတ်ထားလိုက်ကြောင်း သိရသည်။
.
ယင်း ကုန်သွယ်ရေး မိုင်းယု-ကျိန်းယဲန်းတံတားကို ပြီးခဲ့သည့် မတ်လ ၂၄ ရက်က နမ့်ပန်းဒေသအုပ်ချုပ်ရေးရုံး၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ COVID-19 ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကျိန်းယဲန်းဖက် အခြမ်းကို ခရီးသည်များ၊ ဆိုင်ကယ်နှင့် လူဝင်/ထွက်သွားလာခွင့်ကို ပထမတစ်ကြိမ် ယာယီပိတ်၍ ကုန်စည်ယာဉ် တစ်စီးလျင် ယာဉ်မောင်း တစ်ဦးနှုန်းဖြင့်သာ ကုန်စည် ဖြတ်သန်းခွင့် ပြုထားခဲ့ပြီးနောက် ယခုအခါ ဒုတိယအကြိမ်အဖြစ် ကုန်စည်ဖြတ်သန်းမှုကိုပါ ယာယီ ၁၄ ရက်တိတိ ပိတ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment