မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ဧပြီလတွင် ကျင်းပရန် လျာထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ဧပြီလတွင် ကျင်းပရန် လျာထား

၂၀၂၁ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံး ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက် များအတိုင်း ကျင်းပရန် လျာထားခဲ့သည်။

.

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌနှင့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းပိုင်ရှင်များ၊ အသင်းဥက္ကဌများ ပါဝင်သည့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ အစည်းအဝေးကို Video Conferencing ဖြင့် ဒီဇင်ဘာလ ၃ ရက်က ပြုလုပ်ခဲ့ပြီးနောက် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

.


ထို့အတူ MNL 2 အမှတ်ပေး ဘောလုံးပြိုင်ပွဲကို မေလမှ သြဂုတ်လအထိ လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက် ဘောလုံးပြိုင်ပွဲကို ဇွန်လမှ စက်တင်ဘာလအထိ လည်းကောင်း၊ အမျိုးသမီးလိဂ် ဘောလုံးပြိုင်ပွဲကို ဧပြီ/မေလမှ ဇူလိုင်လအထိ လည်းကောင်း အသီးသီး ကျင်းပပြုလုပ်သွားရန် လျာထား သတ်မှတ်ထားပြီး ထပ်မံပြုလုပ်မည့် လိဂ်ကော်မတီအစည်းအဝေးတွင် ပြိုင်ပွဲအားလုံးကို အပြီးသတ် အတည်ပြု ဆုံးဖြတ်သွားမည် ဖြစ်သည်။

.

ပြီးခဲ့သည့် ရာသီတွင် ဇွဲကပင်ချင်းယူနိုက်တက်မကွေးအသင်းတို့ ဖျက်သိမ်းသွားခဲ့သည့် အပြင် လက်ရှိတွင်လည်း အသင်းအချို့ ဖျက်သိမ်းရန် စီစဉ်နေသောကြောင့် မြန်မာ နေရှင်နယ်လိဂ်အနေဖြင့် ၂၀၂၁ ရာသီ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းအရေအတွက်၊ ပြိုင်ပွဲကျင်းပမည့် ပုံစံကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဇန်နဝါရီလဆန်းပိုင်းထုတ်ပြန်မည် ဖြစ်သည်။

.

၂၀၂၀ ရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ၁၈ ပွဲ ကစား၊ ၁၄ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၄၄ မှတ်ဖြင့် ချန်ပီယံဖလားကို ကိုင်မြှောက်နိုင်ခဲ့သည်။

.

Journal Download

Photo of three cats