နမ့်ခုံးရှမ်းများပရဟိတအသင်းခွဲများ စုပေါင်း၍ မိုးနဲမြို့နယ်မှ Stay at Home သတ်မှတ်ထားသည့် အိမ်ထောင်စု ၃၀ အား သွားရောက်လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်ခုံးရှမ်းများပရဟိတအသင်းခွဲများ စုပေါင်း၍ မိုးနဲမြို့နယ်မှ Stay at Home သတ်မှတ်ထားသည့် အိမ်ထောင်စု ၃၀ အား သွားရောက်လှူဒါန်း

စိုင်းဇော်လတ် (လင်းခေး)

.

လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ နားခံကျေးရွာမှ Stay at Home သတ်မှတ်ထားသည့် အခြေခံလူတန်းစား အိမ်ထောင်စု ၃၀ အား နမ့်ခုံးရှမ်းများပရဟိတအသင်းခွဲများ စုပေါင်း၍ ဒီဇင်ဘာလ ၂၈ ရက်က စားနပ်ရိက္ခာ၊ လူ့အသုံးအဆောင် ပစ္စည်းနှင့် အလှူငွေများ သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့သည်ဟု သိရသည်။

.

.

ထိုသို့ ထောက်ပံ့ရာတွင် Stay at Home သတ်မှတ်ထားသည့် အိမ်ထောင်စု ၃၀ အား ဆန်၊ ဆီ၊ ဆား၊ အာလူး၊ ပဲ၊ ဆေးဝါးများ အပါအဝင် အခြေခံစားသောက်ကုန် ၉ မျိုးစီ ထောက်ပံ့ပေးအပ်ခဲ့ပြီး အိုးအိမ်မရှိသူ ပြည်သူတစ်ဦးအတွက် လူ့အသုံး အဆောင်ပစ္စည်းနှင့် ငွေကြေးတို့ကိုပါ ထောက်ပံ့ခဲ့ရာ နားခံကျေးရွာအုပ်ချုပ်ရေးမှူး စိုင်းအွမ်မှ လက်ခံရယူခဲ့သည်ဟု သိရသည်။

.

အဆိုပါ ထောက်ပံ့လှူဒါန်းမှုကို ရှမ်းပြည်နယ် နမ့်ခုံးရှမ်းများပရဟိတအသင်း၊ မိုးနဲမြို့နယ်အသင်းခွဲနှင့် လင်းခေး မြို့နယ်၊ နားကုန်းကျေးရွာအသင်းခွဲတို့က စုပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ကျေးရွာကို Lockdown ချခံနေရတဲ့ ကာလအတွင်းမှာ တချို့အခြေခံလူတန်းစားတွေ အနေနဲ့ စားဝတ်နေရေး အခက်အခဲရှိနိုင်တဲ့အတွက် တစ်ဘက်တစ်လမ်း အဆင်ပြေစေဖို့ရည်ရွယ်ပြီး အခုလိုလာရောက်လှူဒါန်းထောက်ပံ့ ပေးရခြင်း ဖြစ်ပါတယ်”ဟု မိုးနဲနမ့်ခုံးရှမ်းများပရဟိတအသင်းခွဲ ဥက္ကဋ္ဌ စိုင်းထွန်းလှ က ပြောသည်။

.

မိုးနဲမြို့နယ်၊ နားခံကျေးရွာတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က COVID-19 ရောဂါ ကူးစက်ခံရသူတစ်ဦး တွေ့ရှိခဲ့သည့် အတွက် ကျေးရွာအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ Stay at Home သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats