စိုင်းမျိုးသန့် (မောက်မယ်)
.
လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဘက်စုံအဆင့်မြင့်နည်းပညာဖြင့်
စိုက်ပျိုးထားသည့် ပဲတီစိမ်းသီးနှံများ ဖြစ်ထွန်း အောင်မြင်လျက်ရှိကြောင်း သိရသည်။
.
.အဆိုပါ ပဲတီစိမ်းသီးနှံများကို မောက်မယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏
ပံ့ပိုးကူညီမှုဖြင့် ပဲတီစိမ်း (ရေဆင်း-၁၁) မျိုး အား ဧက ၄၀ စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထို့အပြင် ပြီးခဲ့သည့်နှစ်က ပဲတီစိမ်းတစ်ပိဿာလျှင်
၈၀၀ ကျပ်နှုန်းသာ ရရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်ပိဿာ ကျပ် ၂၀၀၀ နှုန်း ရရှိသဖြင့်
ပဲတီစိမ်းစိုက် တောင်သူများ ဈေးကောင်းရပြီး ဝင်ငွေတိုးပွားကာ အဆင်ပြေလျက်ရှိကြောင်း
သိရသည်။
.