စိုင်းမျိုးသန့် (မောက်မယ်)
.
လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်း
၉ ဧကခန့်အား ဒီဇင်ဘာလ ၄ ရက်မှ ၁၄ ရက်အတွင်း ပူးပေါင်းအဖွဲ့များက ဖျက်ဆီးခဲ့သည်ဟု သိရသည်။
.
.
ပူးပေါင်းအဖွဲ့သည် မောက်မယ်မြို့နယ်၊ ပန်းတန်ကျေးရွာအုပ်စု၊
ပန်တခွါးကျေးရွာ၊ လွိုင်ကောင်ကျေးရွာနှင့် ပန်းတန် ကျေးရွာ အနီးဝန်းကျင်မှ အမြင့် ၂
ပေခွဲခန့်ရှိ ဘိန်းခင်းများအား ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
မောက်မယ်မြို့နယ်သည် လင်းခေးခရိုင်အတွင်း တည်ရှိပြီး
အရှေ့ဘက်တွင် လင်းခေးမြို့နယ်၊ တောင်ဘက်တွင် ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ အနောက်ဘက်တွင်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်နှင့် မြောက်ဘက်တွင် နမ့်စန်မြို့နယ်၊
မိုးနဲမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
.