စောဦး(ရတနာမြေ)
.
နမ္မတူမြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက မြို့နယ်အတွင်း ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်နိုင်ရေးအတွက် Mask တစ်ခုလျှင် ၂၀၀ ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ် ခုတပ်စနစ်ဖြင့် ကြပ်မတ်ဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ ၂၂ ရက်၊ နံနက်ပိုင်းတွင် နမ္မတူမြို့၊ နမ္မတူရပ်ကွက်၊ မြို့နယ်တရားရုံးရှေ့လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကော်မတီဝင်များက ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံပြည်သူများအား နေအိမ်ပြင်ပ ထွက်တိုင်း Mask ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်စေရေး အသိပညာပေး၍ Mask မတပ်ဆင်သူ ဒေသခံ ၃၅ ဦးခန့်အား ရေမလို လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေ၍ Mask တစ်ခုလျှင် ၂၀၀ ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ် ခုတပ်စနစ်ဖြင့် တပ်ဆင်စေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ COVID-19 ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကြပ်မတ် ဆောင်ရွက်မှုကို နမ္မတူမြို့နယ်တွင် ၇ ရက်လျှင် ၂ ကြိမ်နှုန်းဖြင့် ဆောင်ရွက်နေလျက် ရှိပြီး အောက်တိုဘာလမှ ယနေ့အထိ Mask မတပ်ဆင်သူ ဒေသခံ ၁၀၂၀ ဦးခန့်အား ဒဏ်ငွေရိုက် ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။