နမ္မတူမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအား ဆန်ဖိုးရိက္ခာငွေများ ထောက်ပံ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ္မတူမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအား ဆန်ဖိုးရိက္ခာငွေများ ထောက်ပံ့

စောဦး (ရတနာမြေ)

.

နမ္မတူမြို့နယ်၊ မန်စံကျေးရွာနှင့် ပန်ချင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဆန်ဖိုးရိက္ခာငွေများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ ထောက်ပံ့ရာတွင် နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံဒေါ်မြတ်သူနှင်းက မန်စံကျေးရွာနှင့် ပန်ချင်ကျေးရွာဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စုများအား ရက်သတ္တ တစ်ပတ်စာ ဆန်ဖိုးရိက္ခာငွေ ဆက်လက်ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ ထောက်ပံ့မှုတွင် အိမ်ထောင်စု ၁၁၄ စုမှ ကျား ၁၄၉ ဦး၊ မ ၂၃၄ ဦး၊ စုစုပေါင်းလူဦးရေ ၃၈၃ ဦးအတွက် ရက်သတ္တတစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ တစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၈၀၄၃၀၀ ကျပ်အား ပေးအပ်ခဲ့ကြောင်း နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်း ထံက သိရသည်။

.


Journal Download

Photo of three cats