စိုင်းဇော်လတ် (လင်းခေး)
.
နမ့်ခုံးရှမ်းများပရဟိတအသင်း၊ လင်းခေးမြို့နယ်အသင်းခွဲမှ
နမ့်စန်မြို့ရှိ စေတနာရှင် အလှူရှင်များနှင့်အတူ ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်က စားဝတ်နေရေး
အခက်အခဲရှိသည့် ကျေးရွာများသို့ သွားရောက်၍ ပြည်သူများအား စားနပ် ရိက္ခာများ၊ အဝတ်အထည်
နှင့် ငွေကြေးများ ထောက်ပံ့လှူဒါန်းခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်
ပေးခဲ့ကြောင်း သိရသည်။
.
.ထိုသို့ ဆောင်ရွက်ရာတွင် လင်းခေးမြို့နယ်၊ နမ့်တင်ကျေးရွာနှင့်
နမ့်နော်ကျေးရွာများမှ ပြည်သူ ၈၇ ဦးတို့အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊
မိသားစုစားဝတ်နေရေး အခက်အခဲရှိသည့် သက်ကြီးရွယ်အို အဖိုး၊ အဖွားများ၊ အလုပ်အကိုင်မရှိသူများနှင့်
မသန်စွမ်းသူ ၃၀ ဦးခန့်အား အဝတ်အထည်နှင့် ငွေကြေး ထောက်ပံ့လှူဒါန်း ပေးခြင်းတို့ကို
အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။
.
စားနပ်ရိက္ခာနှင့် ငွေကြေးထောက်ပံ့လှူဒါန်းမှုကို
နမ့်ခုံးရှမ်းများပရဟိတအသင်း၊ လင်းခေးမြို့နယ်အသင်းခွဲ၊ နမ့်စန်မြို့မှ စေတနာရှင်အလှူရှင်များဖြစ်ကြသော
ဟိုမိန်းဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဦးကျော်လေးနှင့် ဒေါ်နန်းမီးငယ်မိသားစု၊ ဒေါ်နန်းမျိုးဇင်၊
စိုင်းသားလေး၊ ဒေါ်နန်းယိင်းလုံနှင့် ဒေါ်မော်စီနှင့် လင်းခေးဦးထွန်းမြင့် (ပင်လုံစာချုပ်)
၏ မျိုးဆက် မိသားစုတို့က လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လှူဒါန်းမှုတွင် ဆန်၊ ဆီ၊ ဆား၊ ငါးသေတ္တာ၊
အာလူး၊ ကြက်သွန်၊ ပဲပုပ်ချပ်၊ မုန့်မျိုးစုံ၊ အဝတ်အထည်နှင့် သွားတိုက်တံများ ပါဝင်ကြောင်း
သိရသည်။
.