နမ့်ခုံးရှမ်းများပရဟိတအသင်း (လင်းခေးမြို့နယ်) မှ ကျေးလက်ဒေသနေ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

နမ့်ခုံးရှမ်းများပရဟိတအသင်း (လင်းခေးမြို့နယ်) မှ ကျေးလက်ဒေသနေ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေး

စိုင်းဇော်လတ် (လင်းခေး)

.

နမ့်ခုံးရှမ်းများပရဟိတအသင်း (လင်းခေးမြို့နယ်) က မြို့နယ်အတွင်းရှိ ကျေးလက်ဒေသနေ ပြည်သူများအား ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက်က ကျေးရွာအရောက် ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

.


.

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်းမှာ မြို့နဲ့ အလှမ်းဝေးတဲ့ ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့ ကျေးရွာသူ/ကျေးရွာသားတွေက ကျန်းမာရေးချို့တဲ့ တဲ့အခါမှာ ကုသမှုခံယူဖို့ မိသားစုစားဝတ်နေရေး၊ စီးပွားရေးနဲ့ သွားလာဖို့ အခက်အခဲတွေ ရှိနေကြတဲ့ ကျေးရွာတွေက ပြည်သူတွေကို အခမဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်ပေးခြင်းနဲ့ သူတို့ရဲ့ စားဝတ်နေရေးကို ကျွန်မတို့အသင်းခွဲ အနေနဲ့ တတ်နိုင်သလောက် အစားအစာ၊ အဝတ်အထည်တွေ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေကို ကုသိုလ်ပြုပေးချင်လို့ အခုလို လာရောက်ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်” ဟု နမ့်ခုံးရှမ်းများပရဟိတအသင်း (လင်းခေးမြို့နယ်) မှ အဖွဲ့ခေါင်းဆောင် နန်းရွှေဌေးက ပြောသည်။

.

ကွင်းဆင်းဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များ၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စည်းကမ်းချက်များအတိုင်း လိုက်နာ၍ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

နမ့်ခုံးရှမ်းများပရဟိတအသင်း (လင်းခေးမြို့နယ်) အနေဖြင့် လင်းခေးမြို့နှင့် ၈ မိုင်ခန့်အကွာရှိ နမ့်တုတ်ကျေးရွာ၊ ပန်ကျိုင်၊ ဟွေဆင်၊ တိန်းကွမ့်ကျေးရွာနှင့် ဟတ်မိုင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ဆန်၊လူသုံးကုန်ပစ္စည်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်း၊ အသိပညာပေး ဟောပြောခြင်း နှင့် ငွေကြေးချို့တဲ့သူများအား အလှူငွေများကန်တော့ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats