မြဝင်း (ကျောက်တလုံးကြီး)
.
တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ အသုံးတော်ကျေးရွာအုပ်စု၊
တွန်မုန်ကျေးရွာနှင့် ဟိုတတ်ကျေးရွာတို့တွင် ၁၁/၀.၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ
ထရန်စဖော်မာ ဓာတ်အား ခွဲရုံ ၁ ရုံ၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၂ မိုင်၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း
၂ ဒသမ ၂၅ မိုင်တည်ဆောက်ပြီးစီး၍ လျှပ်စစ်မီး စတင်ရရှိပြီဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကျေးရွာ ၂ ရွာ လျှပ်စစ်မီး ဖွင့်ပွဲကို ဒီဇင်ဘာလ
၁၅ ရက်၊ နံနက်ပိုင်းက တွန်မုန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း တွင် ပြုလုပ်ရာ တောင်ကြီးမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သူရအောင်၊ ကျောက်တလုံးကြီးမြို့
အုပ်ချုပ် ရေးမှူး ဦးစောချမ်းနှင့် နောင်တရားကျေးရွာ ရပ်မိရပ်ဖ ဦးခွန်ယွန်းတို့က ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
.
ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သူရအောင်၊
ကျောက်တလုံးကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းနှင့် နောင်ကားကျေးရွာမှ
ရပ်မိရပ်ဖ ဦးခွန်ယွန်းတို့က အမှာစကားပြောကြားခဲ့ပြီး ကျောက်တလုံးကြီးမြို့ လျှပ်စစ်ဓာတ်အားဖြန့်
ဖြူးရေးလုပ်ငန်းမှမြို့ လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မျိုးဦးမှ ကျောက်တလုံးကြီးမြို့အတွင်း
လျှပ်စစ်ဓာတ် အားဖြန့်ဖြူးမှုအခြေအနေနှင့် လျှပ်စစ်ဓာတ်အားအသုံးပြုရာတွင်
အန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး အတွက် ရှင်းလင်းပြောကြားကာ အခမ်းအနားသို့တတ်ရောက်လာသူများအား
ကျောက်တလုံးကြီးမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ် သတိပေးလက်ကမ်းစောင်များ
ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
.
အသုံးတော်ကျေးရွာအုပ်စု၊ တွန်မုန်ကျေးရွာနှင့် ဟိုတတ်ကျေးရွာ
လျှပ်စစ်မီး ရရှိရေးအတွက် ကျောက်တလုံးကြီးမြို့၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်အစိုးရဘဏ္ဍာရန်ပုံငွေကျပ် ၁၆၄ ဒသမ ၅ သန်းဖြင့် Myanmar
Golden Opportunity Co, ltd မှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ယင်း အသုံးတော်ကျေးရွာအုပ်စု၊ တွန်မုန်ကျေးရွာနှင့်
ဟိုတတ်ကျေးရွာတွင် လက်ရှိလျှပ်စစ်ဓာတ်အားသုံးစွဲသည့် အိမ်ထောင်စု ၁၆၀ ရှိကြောင်း သိရသည်။
.