ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင်ပြည်သူများအား နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များ ထောက်ပံ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင်ပြည်သူများအား နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များ ထောက်ပံ့

မိုင်းထွန်း (ကျောက်မဲ)

.

ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်းများသို့ ရောက်ရှိနေသည့် လွယ်အံ (တင်း) ကျေးရွာအုပ်စု အတွင်းမှ တိုက်ပွဲရှောင် ပြည်သူများအား ကျောက်မဲခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်၊ ညနေ ပိုင်းတွင် ဆန်၊ နှာခေါင်းစည်း (Mask) နှင့် ရေမလို လက်သန့်ဆေးရည်များ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်ဟု သိရသည်။

.

.

ကျောက်မဲမြို့နယ်၊ လွယ်အံ (တင်း)ကျေးရွာအုပ်စု အတွင်း RCSS/SSA နှင့် TNLA တို့အကြား ဒီဇင်ဘာ ၂၅ ရက်က စတင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လွယ်အံ (တင်း)၊ ကုန်းခါး၊ ခုံငင်း၊ ပန်မခံနှင့် ပန်လော့ ကျေးရွာများမှ ပြည်သူများ သည် မြို့ပေါ်သို့တိမ်းရှောင်လာကြပြီး ဝါဆိုကျောင်း၊ မန်ကောင်းမူးစာသင်ကျောင်း၊ သန္တိသုခ ဓမ္မာရုံနှင့် မင်္ဂလာ ကျောင်းတိုက်များသို့ လာရောက်ခိုလှုံနေကြခြင်းဖြစ်ကြောင်း သိရသည်။

.

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့က  ဒီဇင်ဘာ ၂၈ ရက် အထိ  ရောက်ရှိနေသည့် တိုက်ပွဲရှောင် ပြည်သူ ၆၀၅ ဦးအတွက် အိမ်ထောင်စု တစ်စုလျှင် ရေမလို လက်သန့်ဆေးရည် တစ်ဘူးနှုန်း၊  လူတစ်ဦးလျှင် နှာခေါင်းစည်း ၂ ခုနှုန်းနှင့် လူတစ်ဦးလျှင်တစ်ပတ်(၇ ရက်)စာ ဆန် ၁၄ ဘူးနှုန်း ဖြင့် ရေမလို လက်သန့်ဆေးရည် ၁၄၈ ဘူး၊ နှာခေါင်းစည်း ၁၂၁၀ ခု၊ ငွေကျပ်တန်ဖိုး ၁၂ သိန်းကျော် တန်ဖိုးရှိ ဆန် ၄၄ အိတ်ကို ထောက်ပံ့ပေးခဲ့ကြောင်း၊ ထပ်မံရောက်ရှိ လာသည့်တိုက်ပွဲရှောင်းများအတွက် ဆက်လက်ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း သိရသည်။

.

အလားတူ အဆိုပါတိုက်ပွဲရှောင်ပြည်သူများအတွက် လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက ဆန်ဆီ ရိက္ခာများ၊ အဝတ်အထည်များ၊ စောင်၊ ခြင်ထောင်၊ အိပ်ရာခင်းအစရှိသည့် အသုံးအဆောင်ပစ္စည်းများ လာရောက်လှူဒါန်းမှုများ ရှိကြောင်း သိရသည်။

.


Journal Download

Photo of three cats