ကျောက်မဲမြို့နယ်၊ နားပုံကျေးရွာတွင် လျှပ်စစ်မီး စတင်ရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့နယ်၊ နားပုံကျေးရွာတွင် လျှပ်စစ်မီး စတင်ရရှိ

မိုင်းထွန်း (ကျောက်မဲ)

.

ကျောက်မဲမြို့နယ်၊ နားပြိန်းကျေးရွာအုပ်စု၊ နားပုံကျေးရွာတွင် ဒီဇင်ဘာလ ၂၀ ရက်က စတင်၍ လျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း သိရသည်။

.

.

အဆိုပါ  နားပုံကျေးရွာ လျှပ်စစ်ဓါတ်အား ရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေကျပ်  ၁၀၇ ဒသမ ၈ သန်းဖြင့် ထွန်းနှင့်သန်း ကုမ္ပဏီလီမိတက်မှတင်ဒါ အောင်မြင်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ၁၁ ကေဗွီ ACSR ဓါတ်အားလိုင်း ၁ ဒသမ ၄ မိုင်၊ ၁၁/၀ ဒသမ ၄ ကေဗွီ (၁၀၀)ခွဲရုံ  ၁ ရုံ၊ ၄၀၀ ဗို့ AAC ဓါတ်အားလိုင်း ၁ ဒသမ ၂ မိုင်တို့ကို တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

နားပုံကျေးရွာတွင်  အိမ်ခြေ ၁၀၅ အိမ်ရှိပြီး ကျေးရွာသို့  လျှပ်စစ်မီးစတင်ထုတ်လွှတ်ပေးပြီ ဖြစ်သည့်အတွက် ကျေးရွာနေ ပြည်သူများ လျှပ်စစ်ကို အန္တရာယ်ကင်းစွာ အသုံးပြုတတ်စေရေး  မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးသောင်းလွင်ဦး နှင့် ဝန်ထမ်းများက ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် အသိပညာ ဆွေးနွေး‌ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။

.

ကျောက်မဲမြို့နယ်တွင် ကျေးရွာအုပ်စု ၄၁ အုပ်စု၊ ကျေးရွာပေါင်း ၂၁၄ ရွာရှိသည့် အနက် ကျေးရွာ ၇၄ ရွာသည်  နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် မီးရရှိပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသောင်းလွင်ဦးထံက သိရသည်။

.


Journal Download

Photo of three cats