မိုင်းထွန်း (ကျောက်မဲ)
.
ကျောက်မဲမြို့နယ်တွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းက ငွေကျပ်တန်ဖိုး
၈ သိန်း ခန့်ရှိ ဘိန်းဖြူဟု ယူဆရသော ဖြူ/ဝါရောင်အမှုန့် ၅၃ ဂရမ်ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.ကျောက်မဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
ဒီဇင်ဘာလ ၂၈ ရက်၊ နံနက် ၉ နာရီခွဲခန့်က ကျောက်မဲမြို့၊ ရပ်ကွက် (၁)၊ နယ်မြေ (၆) နေ
စိုင်းနေထွန်းလေး ဆိုသူ၏ နေအိမ်အး မူးယစ်ဆေးဝါး ရောင်းချနေ ကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ
၎င်းအား နေအိမ်တွင် တွေ့ရပြီး ၎င်းဘေးရှိ ကော်ဘူးအတွင်းနှင့်
နေအိမ် ခြံဝင်းအတွင်း မြေကျင်းတူး မြှုပ်ထားသည့် ဆပ်ပြာခွက်များအတွင်းမှ
ဘိန်းဖြူဟု ယူဆရသော ဖြူ/ဝါရောင်အမှုန့် အလေးချိန်စုစုပေါင်း ၅၃ ဂရမ်ခန့်ကို
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးကို သုံးစွဲ ရောင်းချရန်အလို့ငှာ
လက်ဝယ်ထားရှိသူ စိုင်းနေထွန်းလေး အား ကျောက်မဲမြို့မ ရဲစခန်းတွင် မယ(ပ) ၅၅/၂၀၂၀
မူး/စိတ် ပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။
.