ကျောက်မဲမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံများ တိုက်ပွဲရှောင်လိုသော်လည်း တိမ်းရှောင်၍ မရဘဲ ဖြစ်နေဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံများ တိုက်ပွဲရှောင်လိုသော်လည်း တိမ်းရှောင်၍ မရဘဲ ဖြစ်နေဟု ဆို

မင်းဇော်မင်း

.

ကျောက်မဲမြို့နယ်၊ လွယ်အံနှင့် ကောင်းခါးရွာတို့မှ ဒေသခံ ပြည်သူများ အနေဖြင့် မြို့ပေါ်သို့ တိုက်ပွဲ ရှောင်ရန် သွားရောက်မှုကို လက်နက်ကိုင်အဖွဲ့ အချို့က ပိတ်ဆို့ထားသဖြင့် တိမ်းရှောင်၍ မရဘဲ ဖြစ်နေကြောင်း သိရသည်။

.

 

ရွာတွေထဲမှာကို ကတုတ်ကျင်းတွေ တူးပြီး ရွာသူရွာသားတွေကို ပေး မလွှတ်တော့ ပြည်သူတွေ အရမ်းကို ကြောက်လန့်နေကြတယ်လို့ သိရတယ်လူမှုရေး အသင်းတွေလည်း သူတို့ လာခွင့်ရတာနဲ့ ခေါ်ဖို့ ကားတွေ အဆင်သင့် ပြင်ထားတယ်ကူညီချင်တဲ့ အလှူရှင်တွေတောင် COVID-19 ရောဂါကြောင့် ကူညီခွင့်ရဖို့ လာဖို့ မလွယ်တဲ့ အချိန်မှာ ကူညီနိုင်ဖို့အတွက် တိုက်ပွဲရှောင် ပြည်သူတွေကို လိုရာကို သွားဖို့ ခွင့်ပြုစေချင်တယ်။” ဟု အိုဝ်တမောဝ် လူမှုကူညီရေးအသင်းမှ ကိုစမိုင်းက ပြောသည်။

.

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်က စတင်၍ ကျောက်မဲမြို့၏ အနောက်ဘက် ၁၅ မိုင်ခန့် အကွာရှိ လွယ်ခံကောင်းခါးဒေသ တစ်ဝိုက်တွင် TNLA နှင့် RCSS တို့ တိုက်ပွဲ ဖြစ်ပွားနေသော်လည်း ဒေသခံများအား အခြားနေရာသို့ သွားလာခွင့် မပြုဘဲ ရွာအတွင်း ကတုတ်ကျင်းများတူးကာ နေစေခြင်းကြောင့် အသက်အန္တရာယ် ထိပါးမှုကို ရှောင်လိုသည့် တိုက်ပွဲရှောင်များ အနေဖြင့် အခက်အခဲ ဖြစ်နေခြင်း ဖြစ်သည်ဟု သိရသည်။

.

အဆိုပါ တားမြစ်မှုများကို ရှောင်တိမ်း ရောက်ရှိလာသည့် အိမ်ထောင်စု ၉ စုမှ လူ ၄၀ ဦးခန့်ကို ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၊ ဝါဆိုကျောင်းတွင် ထားရှိကာ လူမှုကူညီရေးအသင်းများ၊ စစ်ဘေးရှောင် ကူညီရေးအဖွဲ့များမှ လိုအပ်သည်များ ကူညီလျက် ရှိကြောင်းနှင့် ကျေးရွာ ၇ ရွာတွင် တိုက်ပွဲရှောင်လိုသူ ၁၀၀၀ ဦးခန့် ရှိမည်ဟု အိုဝ်တမောဝ် လူမှုကူညီရေးအသင်းထံမှ သိရသည်။

.

လွယ်အံ ကောင်းခါးဒေသ တစ်ဝိုက်တွင် ဒီဇင်ဘာ ၂၅ ရက်က RCSS နှင့် TNLA တို့ တစ်ရက်အတွင်း ထိတွေ့ပစ်ခတ်မှု ၂ ကြိမ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် ၁ ကြိမ်ဖြစ်ပွားခဲ့ကာ ဒီဇင်ဘာလအတွင်း တိုက်ပွဲ ၅ ကြိမ်မျှ ဖြစ်ပွားခဲ့ကြောင်း RCSS ထုတ်ပြန်ချက်အရ သိရသည်။

Journal Download

Photo of three cats