စုလှိုင်
.
တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ကလောသစ်တောကြိုးဝိုင်းအတွင်း
ထင်းရှူးပင် ခုတ်ယူသူ ၄ ဦးကို ဒီဇင်ဘာလ ၂၀ ရက်က အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။
.
.
“တရားစွဲထားတာဟုတ်ပါတယ်။ ထင်ရှူးပင်တစ်ပင်ကို
ခုတ်တယ်။ ၆ ပင်က ကိုင်းချိုင်တယ်။ လမ်းဟောင်းကို ထွန်ယက်ပြုပြင်ပြီးတော့
သစ်တောဦးစီးဌာနက ခွင့်ပြုချက်မရှိဘဲနဲ့ မြေပြုပြင်လို့ပါ” ဟု ကလောမြို့နယ် သစ်တော
ဦးစီးဌာနမှ ဦးစည်သူလင်းက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အဆိုပါ ထင်းရှူးပင် ခုတ်ထွင်သူ ၄ ဦး အား
ကလောမြို့နယ် သစ်တော ဦးစီးဌာနမှ သစ်တောဥပဒေ ပုဒ်မ ၄၀ (က) ၃ နှင့်
ထင်ရူးပင်ခုတ်ခြင်းအတွက် ၄၂ (က)ဖြင့် အရေးယူထားကြောင်း သိရသည်။
.
ဒေသခံပြည်သူများအနေဖြင့် ပြည်သူဗဟိုပြုသော သတင်းပေးစနစ်ဖြင့်
သစ်တောဦးစီးဌာနသို့ အကူအညီ သတင်းပေးပို့ စေလိုကြောင်း ရှမ်းပြည်နယ်သစ်တောဦးစီးဌာနမှ
သိရသည်။
.
#KBZTai #Shan #KaLaw #SuHlaing
.