ကမ္ဘောဇတိုင်း
.
ကလောမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်
ဒီဇင်ဘာလ ၁၂ ရက်က ကလော မြို့နယ်၊ နန်းနိုင်ကျေးရွာအုပ်စု၊ စလုံးတောင်ကျေးရွာအနီးရှိ
ဘိန်းစိုက်ခင်း ၅ ဧကခန့်အား ဖျက်ဆီးခဲ့သည်ဟု သိရသည်။
.
.
ထိုသို့ ဖျက်ဆီးရာတွင် ကလောမြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူး အောင်မျိုးလွင်နှင့်အတူ တပ်မတော်သားများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်
ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့သည် စလုံးတောင်ကျေးရွာ၏ အနောက်မြောက် ဘက် ၄ မိုင်ခန့်အကွာရှိ
အမြင့် ၄ ပေခွဲအရွယ် ဖူးပွင့်ဆဲ ဘိန်းခင်း ၅ ဧကခန့်အား ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ကလောမြို့နယ်ရဲတပ်ဖွဲ့ အနေဖြင့် ၂၀၂၀-၂၀၂၁ ဘိန်းစိုက်ရာသီအတွင်း
စုစုပေါင်း ဘိန်းစိုက်ခင်း ၁၇ ဧကခန့်အား ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.