ခွန်သန်းအောင်
.
ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ နန့်ပန်တက်ကျေးရွာ
ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ဆေးစစ် ထောက်ခံချက် မပါရှိဘဲ ခရီးသည်တင်ဆောင်လာသည့် ခရီးသည်တင်ယာဉ်
၂ စီးမှ ယာဉ်မောင်းများကို ဒီဇင်ဘာလ ၂၂ ရက်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု
ဥပဒေများဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
.
.“ခရီးသည်တွေထက် ယာဉ်မောင်းတွေက သိလျက်နဲ့
ကျူးလွန်တာဖြစ်လို့ သူတို့ကို အရေးယူတာပါ။ ခရီးသည်တွေ ကိုတော့ ဓမ္မရတနာမှာ Quarantine
ထားပါတယ်” ဟု ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ပြောသည်။
.
မိတ္ထီလာမြို့နယ်၊ ရတနာမန်အောင်ရပ်ကွက်နေ
ယာဉ်မာင်း ကျော်ဇင်ဦးသည် ဒီဇင်ဘာလ ၂၂ ရက်က ဆေးစစ် ထောက်ခံချက် မပါသည့် ခရီးသည် ၉
ဦးကို လည်းကောင်း၊ မကွေးမြို့နယ်၊ သံမိုကြီးကျေးရွာနေ ယာဉ်မောင်း မျိုးသက်သည် ယင်းနေ့တွင်ပင်
ဆေးစစ်ထောက်ခံချက်မပါသည့် ခရီးသည် ၃ ဦးတို့ကိုလည်းကောင်း တင်ဆောင် မောင်းနှင်လာသည်ကို
နန့်ပန်တက်ကျေးရွာစစ်ဆေးရေးဂိတ်တွင် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါယာဉ်မောင်းများအား ပြည်သူများသိရှိစေရန်
အသိပေးကြေညာချက်ကို သိရှိလျက်နှင့် တမင်ပျက်ကွက် ဖောက်ဖျက်ကျူးလွန်မှုများအရ
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် ကလောမြို့မ ရဲစခန်းတွင်
အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.