ကလောမြို့နယ်၊ အောင်ပန်း-ပင်လောင်းလမ်းခွဲတွင် ဆိုင်ကယ် ၂ စီး တိုက်မိပြီး ၄ ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောမြို့နယ်၊ အောင်ပန်း-ပင်လောင်းလမ်းခွဲတွင် ဆိုင်ကယ် ၂ စီး တိုက်မိပြီး ၄ ဦး ဒဏ်ရာရ

ခွန်သန်းအောင်

.

ကလောမြို့နယ်၊ ကျောက်တန်းကျေးရွာ၊ အောင်ပန်း-ပင်လောင်းလမ်းခွဲတွင် ယနေ့ ဒီဇင်ဘာလ ၁၆ ရက်၊ နေ့လယ်ပိုင်းက ဆိုင်ကယ် ၂ စီး တိုက်မိပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

.

တီကျစ်မြို့၊ လှည်းကုန်းကျေးရွာနေ လေလား မောင်းနှင်ပြီး မမိုးမိုးအေးနှင့် ကလေးငယ် ၂ ဦး လိုက်ပါစီးနင်းလာသည့် မော်တော်ဆိုင်ကယ်သည် ဒီဇင်ဘာလ ၁၆ ရက်၊ နေ့လယ်ပိုင်းက ပြည်ထောင်စုလမ်းမကြီးအတိုင်း အောင်ပန်းဘက်မှ ပင်လောင်းဘက်သို့ မောင်းနှင်လာစဉ် ကျောက်တန်းကျေးရွာ၊ အောင်ပန်း-ပင်လောင်းလမ်းခွဲ၊ မိုင်တိုင်အမှတ် (၇၆/၁) နှင့် (၇၆/၂) ကြား အရောက်တွင် ပင်လောင်းလမ်းခွဲဘက်သို့ ချိုးကွေ့စဉ် သာစည်မြို့နယ်နေ သန့်ဇင်ဝင်း မောင်းနှင်ပြီး ဝင်းစန္ဒာအောင် လိုက်ပါစီးနင်းလာသည့် မော်တော် ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ယာဉ်တိုက်မှုကြောင့် လေလား တွင် ယာပါး ပေါက်ပြဲဒဏ်ရာ၊ ယာရင်ဘတ် ပွန်းပဲ့ဒဏ်ရာ၊ ဝဲလက်ချောင်းများ ပွန်းပဲ့ဒဏ်ရာ၊ မစိုးရိမ်ရ၊ မမိုးမိုးအေးတွင် ယာဂျိုစောင်း ပေါက်ပြဲဒဏ်ရာ၊ မစိုးရိမ်ရ၊ သန့်ဇင်ဝင်းတွင် အပေါ်သွား ၂ ချောင်းကျိုး၊ ဦးခေါင်းနောက်စေ့ ဖူးယောင်ဒဏ်ရာ၊ စိုးရိမ်ရ၊ မဝင်းစန္ဒာအောင်တွင် ဝဲဂျို‌စောင်း ပေါက်ပြဲဒဏ်ရာ၊ နဖူး ပေါက်ပြဲဒဏ်ရာ၊ နှုတ်ခမ်းအထက် ပေါက်ပြဲဒဏ်ရာ၊ စိုးရိမ်ရ ရရှိခဲ့ပြီး ကလေးငယ် ၂ ဦးတွင် ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း သိရသည်။

.

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဆိုင်ကယ်မဆင်မခြင် မောင်းနှင်ပြီး ဝင်ရောက်တိုက်မိကာ မိမိကိုယ်တိုင်နှင့် သူတစ်ပါးအား ထိခိုက်ဒဏ်ရာ ရရှိစေသူ လေလား အား ကလောမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.


Journal Download

Photo of three cats